ထိုင်းသစ်သီးရောင်းသူတစ်ဦး ငွေကြေးအကြပ်အတည်းနဲ့အကြွေးတွေကြောင့် ၄င်းရဲ့မျက်လုံးကို ရောင်းထုတ်ဖို့ ကြိုးစားနေ
ရောင်နီ (NSS) - မတ် ၁၂
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ သစ်သီးရောင်းသူတစ်ဦးဟာ ငွေကြေးအကြပ်အတည်းနဲ့ အကြွေးကြောင့် သူ့မျက်လုံးတွေကို ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။
"မျက်လုံးရောင်းရန် ရှိသည်" ဆိုတဲ့ ဆိုင်းဘုတ်ကို သစ်သီးဆိုင်ရှေ့မှာ ချိတ်ဆွဲထားပြီး ဆိုင်အနားမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထိုင်နေတဲ့ဓာတ်ပုံဟာ မတ်လ ၈ ရက်က ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုင်းမီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းရာမှာတော့ အမည်မဖော်လိုသူ သစ်သီးရောင်းချသူအမျိုးသားဟာ ၎င်းရဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ ငွေလိုတဲ့အတွက် အခုလို ရောင်းချရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းဟာ ရင်းနှီးမြုပ်နှံမှုအတွက် ချေးငွေတွေ ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ လူ့ကိုယ်တွင်းအင်္ဂါတွေ ရောင်းချခြင်းဟာ တရားမ၀င်ဖြစ်ပြီး ပြင်းထန်တဲ့ပြစ်ဒဏ်များ ချမှတ်ထားပါတယ်။ ချွင်းချက်အနေနဲ့ ဆွေမျိုးတွေ ကို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းခြင်းကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ထိအတွင်း ဘတ် ၁၆.၂ ထရီလီယံ (စင်ကာပူဒေါ်လာ ၆၀၈.၄ ဘီလျံ) သို့မဟုတ် ဒေသတွင်း အိမ်ထောင်စုကြွေးမြီအချိုးအစား အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ တရားမ၀င် ချေးငွေတွေ ဟာ ဘဏ်ချေးငွေ မရရှိနိုင်တဲ့ ဝင်ငွေနည်းမိသားစုတွေကြား ပေါများနေပြီး လူများစွာဟာ မြင့်မားတဲ့အတိုးနှုန်းနဲ့ အကြွေးတွေကြားထဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စူပါမာရီယိုဇာတ်ကားသစ် ၂ဝ၂၆ ခုနှစ်မှာ ထွက်လာနိုင်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း