ဘက်ကင်ဟမ်နန်းတော် ဂိတ်ပေါက်ကို ကားတစ်စီးဝင်တိုက်မိခဲ့ပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
Pika (NSS) - မတ် ၁၁
ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ ဘက်ကင်ဟမ်နန်းတော်း၏ ဂိတ်ပေါက်သို့ ကားတစ်စီးဝင်တိုက်ခဲ့ပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က မတ်လ(၁၀)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် ဘက်ကင်ဟမ်နန်းတော်၏ ဂိတ်ပေါက်ရှေ့တွင် ဝင်တိုက်ထားသည့် ကားတစ်စီးကို တွေ့မြင်ခဲ့ရသည်။ နန်းတော်၏ ဂိတ်ပေါက်ကို အဆိုပါကားဝင်တိုက်သည့်အချိန်တွင် ကျယ်လောင်သောအသံကြီးတစ်ခုကို ကြားခဲ့ရကြောင်း မျက်မြင် သက်သေတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်သည် မတ်လ(၉)ရက်၊ နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
လန်ဒန်မြို့ရဲတပ်ဖွဲ့က "အခင်းဖြစ်ပွားတဲ့နေရာမှာ ရာဇဝတ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမျိုးသားကို ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့လူတော့ မရှိပါဘူး။ နောက်ထပ်အခြေအနေတွေကို ထုတ်ပြန်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ပြောဆိုခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်တွင် ဘက်ကင်ဟမ်နန်းတော်မှာ တော်ဝင်မိသားစုတစ်ယောက်မှ နေထိုင်ခြင်းမျိုးမရှိကြောင်း နှင့် ဂိတ်ပေါက်ကို ပြုပြင်မှုများအား ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီမှုမရနိုင်သေးပေမယ့် ဆွေးနွေးမှုတွေကို လမ်းကြောင်းဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း