ရန်ကုန်မြို့တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - မတ် ၁၁
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး ကားတိုက်ခံ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အနာဂတ်အလင်း တန်းပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(မတ်လ ၁၀ ရက်)၊ ည ၉နာရီခွဲအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်၊ စိုက်ပျိုးရေးမှတ်တိုင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အနားမှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေပြောတာတော့ အမျိုးသားတစ်ယောက်က သောက်ပြီးလမ်းဖြတ်ကူးတာမှာ ကားအမည်းတစ်စီးက တိုက်သွားတာ။ ကားကလည်းတိုက်ပြီး မောင်းပြေးသွားတာ”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်က (၄၀)နှစ်အရွယ်အမျိုးသားတစ်ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
“အမျိုးသားကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ခေါင်းပွင့်ပြီး ဆုံးသွားတာပေါ့။ သေဆုံးသူက မိသားစုနဲ့ခုထိ အဆက်သွယ် မရသေးပါဘူး။ ဒီလိုမျိုးတွေ ခဏခဏဖြစ်နေတာဆိုတော့ ကားတွေလည်း ဖြည်းဖြည်းနဲ့ဂရုစိုက်မောင်းစေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။အလားတူ ယနေ့(မတ်လ ၁၁ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ရန်ကုန်-မန္တလေးလမ်းဟောင်း စိမ်းစားပင် ကျေးရွာအနီး၌ ခရီးသည်တင်ယာဥ်မှ အမျိုးသားတစ်ဦးကိုဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘက်ကင်ဟမ်နန်းတော် ဂိတ်ပေါက်ကို ကားတစ်စီးဝင်တိုက်မိခဲ့ပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း