စစ်တွေမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ်အရွယ်အပါအဝင် ဒေသခံ (၅)ဦး သေဆုံး၊ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Pearl (NSS) - မတ် ၁၁
စစ်တွေမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂)နှစ်အရွယ်အပါအဝင် ဒေသခံ (၅)ဦး သေဆုံး၊ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရသိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပြီးခဲ့သည့် မတ်လ ၉ ရက်၊ ည ၁၀နာရီခန့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်အတွင်း နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင်ဒေသခံ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်း အဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း နစကမှ ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၉ ) ရက်တွင်လည်း စစ်တွေမြို့မစျေးကြီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ(၁၀)ဦးထက်မနည်း သေဆုံးကာ (၄၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း