ရန်ကုန် - မန္တလေးရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက ထပ်မံမိုင်းခွဲဖျက်ဆီး
Pearl (NSS) - မတ် ၁၁
ရန်ကုန် - မန္တလေးရထားလမ်းပိုင်းကို အကြမ်းဖက်သမားများက ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (မတ်လ ၁၀ ရက်)၊ နံနက် ၈နာရီ ၊ ၄၀ မိနစ်ခန့်တွင် မန္တလေး တိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန် - မန္တလေးရထား လမ်းပိုင်းအတွင်း ကျောက်ဆည် - မင်းစုဘူတာအကြား ၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရှေ့ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ မကွဲသေးသော လက်ကျန်မိုင်း(၁)လုံးအား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက် ၈ နာရီ ၅၀ မိနစ်တွင် ခေတ္တပိတ်ခဲ့ရကြောင်း နစကမှ ဆိုသည်။
ထို့နောက် တာဝန်ရှိသူများက မပေါက်ကွဲသေးသည့်မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင်မွမ်းမံဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ်တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများကြန့်ကြာမှုဖြစ်ပေါ်ခဲ့ပြီး ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက် အအုံ နှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ်အရွယ်အပါအဝင် ဒေသခံ (၅)ဦး သေဆုံး၊ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း