ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - မတ် ၁၀
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(မတ်လ ၉ ရက်)၊ ည ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပင်လောင်းလမ်းစုံ၊ သစ်တက်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးမလေးက သူ့သူငယ်ချင်းနဲ့ မုန့်သွားစားဖို့ ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ တိုက်မိတာပေါ့။ ပတ်ဝန်းကျင်က လူတွေပြောပုံအရတော့ ကားကတော်တော်မောင်းလာတာ။ အဲဒီနားရောက်တော့ ကလေးမလေးကို တိုက်ပြီး မောင်းပြေးသွားတာ။ မတိုက်ခင်တောင် သူ့အမေက မသွားနဲ့လို့ တားသေးတယ်” ဟု ကရုဏာရှင်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဇေယျာသီရိမြို့နယ်၊ တာရာကုန်းကျေးရွာတွင် နေထိုင်သည့် အသက်(၁၉)နှစ် အရွယ် အမျိုးသမီးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“ကောင်မလေးက အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတာ။ ပြီးတော့သူက ပင်းလောင်လမ်းစုံနားမှာ အလုပ်လုပ်တာ။ အလုပ်သိမ်းတဲ့အချိန် ညဘက် မုန့်ထွက်စားတာမှာဖြစ်တာပေါ့။ ဒဏ်ရာကြီးကြီးမားမားရယ်လို့တော့ မရဘူး။ ညာဘက်နံဘေးမှာတော့ ပွန်းထားတာရှိတယ်။ အဲဒီနေရာက ခဏခဏတော့ဖြစ်တယ်။ အခုလိုမျိုး လူသေတဲ့ထိ တိုက်တာတော့ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား ကရုဏာရှင်လူမှုကူညီရေးအသင်းက နေပြည်တော် ကုတင် (၁၀၀၀)ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အီရန်ဆန္ဒပြမှုများနှင့်ပတ်သက်သည့်ကုလသမဂ္ဂအစီရင်ခံစာကို အီရန်အစိုးရ ရှုတ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း