စစ်ပွဲအဆုံးသတ်နိုင်ဖို့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ ယူကရိန်းကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - မတ် ၁ဝ
ပုပ်ရဟန်းမင်းကြီးက ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်နိုင်စေဖို့အတွက် အလံဖြူပြပြီး စေ့စပ်ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဆွတ်ဇာလန်သတင်းဌာနဖြစ်တဲ့ RSI နဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုးထည့်သွင်း ပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပုပ်ရဟန်းမင်းကြီးက "လက်နက်ချအညံ့ခံပြီး ရဲရင့်မှုတွေရှိဖို့ တောင်းဆိုပါ တယ်။ အလံဖြူပြစရာ ပြရမှာပါ။ အညံ့ခံတာမျိုး မရှိဘူးဆိုရင် စေ့စပ်ဆွေးနွေးမှုတွေဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို မျိုး မလုပ်ဘူးဆိုရင် နိုင်ငံကို သေတွင်းထဲပို့သလိုမျိုးဖြစ်လာလိမ့်မယ်" လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂ နှစ်ကျော်ကြာမြင့်နေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲ ရေးရယူနိုင်ခြင်းမရှိသလို စေ့စပ်ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယူကရိန်းဟာ ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ဒေသလေးခုကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပြီး လက်ရှိအချိန်အထိ မျှော်လင့်သလောက် တိုးတက်မှုမရှိသေးကြောင်း သိရပါတယ်။
ယူကရိန်းဟာ စစ်ပွဲကို ဆက်လက်တိုက်ခိုက်လိုနေပြီး လိုအပ်တဲ့စစ်ရေးအကူအညီများကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထံက ထပ်မံတောင်းခံနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပုပ်ရဟန်းမင်းကြီးက " စေ့စပ် ဆွေးနွေးမယ်ဆိုရင်လည်း ကြားဝင်စေ့စပ်ပေးနိုင်မယ့်နိုင်ငံ ရှာဖွေရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီး အစောပိုင်းကာလတွေမှာ နှစ်ဖက်ကြား ဆွေးနွေးခဲ့ပေမယ့် ၂ဝ၂၂ ခုနှစ် နွေဦးကာလမှာ ရပ်တန့်သွားခဲ့ပြီး အပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ် ၁ဝ၅ မိုင် မဖွင့်နိုင်ခြင်းကြောင့် သရက်သီးပြည်ပတင်ပို့မှု အားနည်းနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ