နှစ်စဥ်လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၉)ရာခိုင်နှုန်းအထက် တိုးမြင့်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် နှစ်စဥ်တိုးထုတ်ရန် လိုအပ်နေဟုဆို
ယွန်း (NSS) - မတ် ၁ဝ
နှစ်စဥ်လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၉)ရာခိုင်နှုန်းအထက်တိုးမြင့်လျှက်ရှိပြီး နှစ်စဥ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်အချိုးအစားအနေဖြင့် ရေအားမှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၅ဝ ဒသမ ၇ ရာခိုင်နှုန်း နှင့် National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။
အလားတူ နှစ်စဥ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိနေပြီး နှစ်စဥ်လျှပ်စစ် ဓာတ်အား ပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက် ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောထားသည်။
ထို့ပြင် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်နေပြီး ဓာတ်အားစနစ်၏ အခြေခံဝန်အားအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။
လက်ရှိတွင် ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေး ဟူသည့် စွမ်းအင် အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄)ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံ(၆၄)ရုံတွင် စုစုပေါင်း စက်တပ်ဆင်အင်အား ၇၁၈၄ ဒသမ ၅ မဂ္ဂါဝပ်ဖြစ်သော်လည်း နေ့စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အား (၃၀ဝဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားအသင်းကို ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းက ပဏာမ ကစားသမားစာရင်း ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ