မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ခရီးသွားအပြန်အလှန် တိုးမြှင့်ပို့ဆောင်ရေး ဆွေးနွေး
ယွန်း (NP News) - မတ် ၂၉
မြန်မာ နှင့် နီပေါ နှစ်နိုင်ငံအကြားတွင် ခရီးသွားအပြန်အလှန် တိုးမြှင့်ပို့ဆောင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအခြေစိုက် နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.Harishchandra Ghimire သည် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မတ်လ(၂၈)ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)မှ ထုတ်ပြန်ထားသည်။
အလားတူ ကုန်သွယ်မှု ကဏ္ဍမြှင့်တင်ရေး၊ ရေထွက်ပစ္စည်း နှင့် ပဲမျိုးစုံတိုက်ရိုက်တင်ပို့နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေရှည်အလားအလာကောင်းမည့် ခရီးသွားများ အပြန်အလှန်ပို့ဆောင်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ရေးအပြင် ရန်ကုန်- လုမ္ပနီ၊ မန္တလေး- လုမ္ပနီတိုက်ရိုက်လေယာဥ် ပျံသန်းနိုင်မှု အစီအစဥ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း UMFCCI မှ ထုတ်ပြန်ထားသည်။
zawgyi version
ျမန္မာ-နီေပါ ႏွစ္ႏိုင္ငံအၾကား ခရီးသြားအျပန္အလွန္ တိုးျမႇင့္ပို႔ေဆာင္ေရး ေဆြးေႏြး
ယြန္း (NP News) - မတ္ ၂၉
ျမန္မာ ႏွင့္ နီေပါ ႏွစ္ႏိုင္ငံအၾကားတြင္ ခရီးသြားအျပန္အလွန္ တိုးျမႇင့္ပို႔ေဆာင္ေရးကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေျခစိုက္ နီေပါႏိုင္ငံ သံအမတ္ႀကီး H.E. Mr.Harishchandra Ghimire သည္ ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေအးဝင္းႏွင့္ မတ္လ(၂၈)ရက္က ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာ-နီေပါ ႏွစ္ႏိုင္ငံခ်စ္ၾကည္မႈႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးကို ေဆြးေႏြးခဲ့ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI)မွ ထုတ္ျပန္ထားသည္။
အလားတူ ကုန္သြယ္မႈ က႑ျမႇင့္တင္ေရး၊ ေရထြက္ပစၥည္း ႏွင့္ ပဲမ်ိဳးစုံတိုက္႐ိုက္တင္ပို႔ႏိုင္ေရးကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေရရွည္အလားအလာေကာင္းမည့္ ခရီးသြားမ်ား အျပန္အလွန္ပို႔ေဆာင္ေရးႏွင့္ ပူးေပါင္းေဆာင္ ႐ြက္မႈကို တိုးျမႇင့္ေရးအျပင္ ရန္ကုန္- လုမၸနီ၊ မႏၲေလး- လုမၸနီတိုက္႐ိုက္ေလယာဥ္ ပ်ံသန္းႏိုင္မႈ အစီအစဥ္ကိုပါ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း UMFCCI မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားသားများအနေဖြင့် လစာကောင်းသည့်အလုပ်ရမည်ဟု လိမ်လည်စည်းရုံးခံရကာ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များသို့ တရားမဝင် ဝင်ရောက်လာမှုများရှိနေဟု ရဲချုပ်ဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း