နိုင်ငံခြားသားများအနေဖြင့် လစာကောင်းသည့်အလုပ်ရမည်ဟု လိမ်လည်စည်းရုံးခံရကာ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များသို့ တရားမဝင် ဝင်ရောက်လာမှုများရှိနေဟု ရဲချုပ်ဆို
ယွန်း (NP News) - မတ် ၂၉
နိုင်ငံခြားသားများအနေဖြင့် လစာကောင်းသည့်အလုပ်ရမည်ဟု လိမ်လည်စည်းရုံးခံရကာ မြန်မာ နိုင်ငံ၏ နယ်စပ်မြို့များသို့ တရားမဝင် ဝင်ရောက်လာမှုများရှိနေကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က မတ်လ(၂၈)ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်မှု များပြားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန်လာရောက်ကြသူများကို နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်များကိုပြန်လွှတ်နေရသည့် ဖြစ်စဥ်များ ဖြစ်ပွားလျက်ရှိကြောင်း ဗိုလ်ချုပ်ဇင်မင်းထက်မှဆိုသည်။
အဆိုပါဖြစ်စဥ်များတွင် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရန် လာရောက်ကြသူများသည် မြန်မာနိုင်ငံဒေသအသီးသီးမှဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ချင်းဆက်စပ်နေသည့် စစ်ဆေးရေးဂိတ်များတွင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှသာလျှင် တရားမဝင်သွားရောက်ခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် လူကုန်ကူးခြင်းတို့ကို နယ်စပ်မရောက်မီ အချိန်မီ တားဆီးနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုထားသည်။
အလားတူ ကွန်ပျူတာ၊ နည်းပညာနှင့် ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး လိမ်လည်ခေါ်ဆောင်မှုများကြောင့် နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုများ ရှိနေကြောင်း သိရသည်။
သို့သော် ၎င်းတို့သည် အိမ်နီးချင်းနိုင်ငံများမှတဆင့် မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ တရားဝင် ဝင်/ထွက်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကြသူများ မဟုတ်ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံျခားသားမ်ားအေနျဖင့္ လစာေကာင္းသည့္အလုပ္ရမည္ဟု လိမ္လည္စည္း႐ုံးခံရကာ ျမန္မာ ႏိုင္ငံ၏ နယ္စပ္ၿမိဳ႕မ်ားသို႔ တရားမဝင္ ဝင္ေရာက္လာမႈမ်ားရွိေနဟု ရဲခ်ဳပ္ဆို
ယြန္း (NP News) - မတ္ ၂၉
ႏိုင္ငံျခားသားမ်ားအေနျဖင့္ လစာေကာင္းသည့္အလုပ္ရမည္ဟု လိမ္လည္စည္း႐ုံးခံရကာ ျမန္မာ ႏိုင္ငံ၏ နယ္စပ္ၿမိဳ႕မ်ားသို႔ တရားမဝင္ ဝင္ေရာက္လာမႈမ်ားရွိေနေၾကာင္း သိရသည္။
ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္ ဗိုလ္ခ်ဳပ္ဇင္မင္းထက္က မတ္လ(၂၈)ရက္တြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ အျခားျပည္ပႏိုင္ငံမ်ားသို႔ ေ႐ႊ႕ေျပာင္းသြားလာ အလုပ္လုပ္ကိုင္မႈ မ်ားျပားလ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္ပႏိုင္ငံမ်ားတြင္ အလုပ္လုပ္ကိုင္ရန္လာေရာက္ၾကသူမ်ားကို နယ္စပ္ေဒသမ်ားတြင္ တားဆီးပညာေပးၿပီး ေနရပ္မ်ားကိုျပန္လႊတ္ေနရသည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ဇင္မင္းထက္မွဆိုသည္။
အဆိုပါျဖစ္စဥ္မ်ားတြင္ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ကိုင္ရန္ လာေရာက္ၾကသူမ်ားသည္ ျမန္မာႏိုင္ငံေဒသအသီးသီးမွျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ခ်င္းဆက္စပ္ေနသည့္ စစ္ေဆးေရးဂိတ္မ်ားတြင္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္မွသာလွ်င္ တရားမဝင္သြားေရာက္ျခင္း၊ လူေမွာင္ခိုကူးျခင္းႏွင့္ လူကုန္ကူးျခင္းတို႔ကို နယ္စပ္မေရာက္မီ အခ်ိန္မီ တားဆီးႏိုင္မည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက ဆိုထားသည္။
အလားတူ ကြန္ပ်ဴတာ၊ နည္းပညာႏွင့္ ဆက္စပ္သည့္ အလုပ္လုပ္ကိုင္ရန္ အြန္လိုင္းမွတဆင့္ လစာေကာင္းသည့္ အလုပ္ရမည္ဟု ေျပာဆိုစည္း႐ုံး လိမ္လည္ေခၚေဆာင္မႈမ်ားေၾကာင့္ ႏိုင္ငံျခားသားမ်ား ျမန္မာႏိုင္ငံတြင္းသို႔ ဝင္ေရာက္မႈမ်ား ရွိေနေၾကာင္း သိရသည္။
သို႔ေသာ္ ၎တို႔သည္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွတဆင့္ ျမန္မာႏိုင္ငံနယ္စပ္ေဒသမ်ားသို႔ ေရာက္ရွိလာျခင္းျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ေလဆိပ္မ်ား၊ တရားဝင္ ဝင္/ထြက္ေပါက္မ်ားမွ တစ္ဆင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကသူမ်ား မဟုတ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်ရေး EAO (၇)ဖွဲ့နှင့် NSPNC တို့ စတင်ဆွေးနွေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း