Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရာထူးမှ ထုတ်ပယ်ခံရသော ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို သံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်

ဂျန်ဇက် (NSS) - မတ် ၈ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ယူကရိန်းသမ္မတသည် ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ဗာလီရီဇာလူနီ  နှင့် အငြင်းပွားမှုများဖြစ်လာခဲ့ပြီး နောက်ပိုင်း ပြီးခဲ့သောလတွင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခဲ့ရာ ယူကရိန်းစစ်အတွင်း အငြင်းပွားမှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။ 

ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဇာလူနီသည် လက်ရှိအချိန်တွင် ယူကရိန်းသမ္မတထက် လူကြိုက် များနေကြောင်း သိရသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက "ယူကရိန်းသမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ကို ဗြိတိန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့ ခွင့်ပြုထားပြီဖြစ်ပါတယ်" ဟု ပြောသည်။ 


ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေးဦးစီးချုပ်နှင့် ယူကရိန်းသမ္မတကြား ကြီးမားသော သဘောထားကွဲလွဲမှုများ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ရာထူးက ထုတ်ပယ်ခံရကာ ပြောင်းရွှေ့ခံရခြင်းမျိုး ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတဇီလန်စကီးက "ဇာလူနီဟာ ကျွန်တော်ကို ပြောခဲ့တယ်။ ယူကရိန်း နိုင်ငံအတွက် သံတမန်ရေး လုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့တယ်" ဟု ပြောသည်။

ယူကရိန်းသမ္မတသည် ဇာလူနီကို ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ကာ ကာကွယ်ရေးဦးစီးချုပ်အသစ် ထပ်မံခန့်အပ်ပြီး ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွက် ချဉ်းကပ်မှုအသစ်များ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရုရှား နှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲနှင့်ဆက်နွယ်ပြီး မျှော်လင့်သလောက် ရလဒ်မကောင်း သည့်အတွက် သမ္မတဇီလန်စကီး နှင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဇာလူနီတို့ကြား အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယူကရိန်း နှင့် ရုရှားကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းရုရှားသည် ယူကရိန်းပိုင်နက်ဒေသလေးခုကို သိမ်းပိုက်ထား ပြီး ယူကရိန်းက  သိမ်းပိုက်ခံထားရသောနယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ကြီးမားသော တန်ပြန် ထိုးစစ်ဆင်မှုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်သည့်အတွက် ရုရှားနိုင်ငံ မော်စကိုမြို့သို့ မသွားရောက်ရန် အမေရိကန်အစိုးရ သတိပေး

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved