နေတိုးအဖွဲ့၏ ရန်လိုမှုများ တိုးမြင့်လာနေကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ပြော
Pika (NSS) - မတ် ၈
နေတိုးအဖွဲ့၏ ဆက်လက်လုပ်ဆောင်နေသော ‘Steadfast Defender 2024’ စစ်ပွဲဂိမ်းများသည် ရုရှား နှင့် စစ်ရေး အရ ထိပ်တိုက်တွေ့ဆုံမှုများသကဲ့သို့ လုပ်ဆောင်နေခြင်းမျိုးဖြစ်ပြီး၊ တစ်ကမ္ဘာလုံးတွင် တင်းမာမှုများကို ပိုမို တိုးမြင့်လာစေကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလေးပက်ထရုရှဗ်က ပြောကြားခဲ့သည်။
ထို့အပြင် နေတိုးအဖွဲ့၏ စစ်ရေးအသုံးစရိတ်တိုးလာမှုကို ရန်လိုမှုများ တိုးမြင့်လာသည့် အရိပ်အယောင်တစ်ခုအဖြစ် နီကိုလေးပက်ထရုရှဗ်က ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း နေတိုးအဖွဲ့၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် သတ်မှတ်ထားသော စစ်ရေးလေ့ကျင့်ခန်းများကို ပြီးခဲ့သည့်ဇန်နဝါရီလ နှောင်းပိုင်းတွင် စတင်ခဲ့ပြီး မေလတွင် ပြီးဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း (၃၂)နိုင်ငံမှ တပ်ဖွဲ့ဝင်(၉)သောင်းခန့် ပါဝင်ကြောင်း ဥရောပတိုက်အတွက် မဟာမိတ် တပ်မှူးချုပ် ခရစ္စတိုဖာကာဗိုလီက ပြောကြားခဲ့သည်။
ထို့အပြင် စစ်ရေးလေ့ကျင့်မှုတွင် တင့်ကား(၁၃၃)စီး နှင့် ခြေလျင်တိုက်ခိုက်ရေးယာဉ်(၅၃၃)စီး အပါအဝင် တိုက်ခိုက်ရေးယာဉ်(၁၁၀၀)ကျော်၊ ရေတပ်သင်္ဘောအစီးရေ(၅၀)ကျော်၊ ရဟတ်ယာဉ်(၈၀)စီး၊ ဒရုန်းများ နှင့် တိုက်လေယာဉ်များလည်း ပါဝင်ကြောင်း ခရစ္စတိုဖာကာဗိုလီက ပြောကြားခဲ့သည်။
နီကိုလေးပက်ထရုရှဗ်က " ‘Steadfast Defender 2024’ စစ်ပွဲဂိမ်းတွေဟာ ရုရှားနဲ့စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနေ တဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး တင်းမာမှုတွေကို တိုးမြင့်လာစေတဲ့အပြင် ကမ္ဘာကြီးရဲ့အခြေအနေတွေကို မတည်မငြိမ်ဖြစ်စေပါတယ်။ ပြီးတော့ ခေတ်သစ်သမိုင်းမှာ အမေရိကန်ရဲ့အဖျက်သဘောဆောင်တဲ့ အခန်းကဏ္ဍက သိသာထင်ရှားပါတယ်။ ဘယ်နိုင်ငံကမှ အမေရိကန်လိုမျိုး စစ်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေများစွာကို မဖြစ်ပွားစေ ပါဘူး" ဟု ပြောခဲ့သည်။
အမေရိကန်သည် အခြားနိုင်ငံများအပေါ် ဖိအားပေးရန်နှင့် ဩဇာလွှမ်းမိုးနိုင်ရန်အတွက် နေတိုးအဖွဲ့ကို အရေးကြီး သည့်ကိရိယာတစ်ခုအဖြစ် အသုံးပြုနေကြောင်း နီကိုလေးပက်ထရုရှဗ်က ပြောဆိုခဲ့သည်။ ဘယ်လ်ဂျီယံ အခြေစိုက် နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ၏ အနောက်ဘက်နယ်စပ်သို့ တိုက်ရိုက်ရောက်ရှိလာပြီး အနာဂတ်ပဋိပက္ခများ အတွက် ပြင်ဆင်နေကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ထို့အပြင် နေတိုးအဖွဲ့သည် အာတိတ်ဒေသအပြင် အာရှ-ပစိဖိတ်ဒေသတွင် ၎င်းတို့၏တည်ရှိမှုကို ချဲ့ထွင်ရန်စီစဉ်နေ ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ