လက်ရှိ ကမ္ဘာကြီးက မျှတမှုမရှိကြောင်း ရုရှားသမ္မတပူတင်ပြော
ဂျန်ဇက် (NSS) - မတ် ၇
လက်ရှိကမ္ဘာကြီးဟာ မျှတမှုမရှိကြောင်း၊ ဝင်ရိုးစုံကမ္ဘာတည် ဆောက်နိုင်မှသာ လူမူရေးကွာဟချက်တွေကို ဖြေရှင်းနိုင်ဖွယ်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတဟာ ဆိုချီမြို့မှာကျင်းပတဲ့ ကမ္ဘာ့လူငယ်ပွဲတော်မှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းက "လူတိုင်းအတွက် ကမ္ဘာကြီးဟာ မျှတတဲ့အခြေနေမျိုး မရှိဘူး၊ ဒီလိုမျိုးဖြစ်နေရတာကလည်း လက်ရှိ က မ္ဘာ့အစီစဉ်တွေရဲ့မမျှတမှုတွေကြောင့်ဖြစ်တယ်"လို့ ပြောပါတယ်။ ကမ္ဘာတဝှမ်းရှိနိုင်ငံတွေဟာ ပြည်သူအားလုံး တန်းတူညီမျှ ရှင်သန်နေထိုင်နိုင်အောင်လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း၊ ပြည်သူအားလုံးတန်းတူညီမျှဖြစ်စေမယ့် ပတ်ဝန်းကျင်မျိုးကို ဖန်တီးနိုင်အောင်လုပ်ဆောင်ရမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။
ကမ္ဘာ့လူငယ်ပွဲတော်ကို ၇ ရက်ကြာကျင်းပမျာဖြစ်ပြီး လူငယ်ပေါင်း (၂)သောင်းကျော်တက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီပွဲတော်ဟာ လူငယ်တွေအတွက် အားကစားပွဲတွေ၊ ယာဉ်ကျေးမှုဆိုင်ရာပွဲတွေနဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲတွေ အဓိကထားလုပ်ဆောင်ပေးတဲ့ ပွဲတော်မျိုးဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ပွဲတော်ကိုတက်ရောက်လာတဲ့ လူငယ်တွေဟာ ဆိုချီမြို့မှာ ပွဲတော်ကျင်းပခဲ့ပြီးနောက် ရုရှားနိုင်ငံတဝှမ်းရှိ မြို့ပေါင်း ၃၀ ကို မတ်လ ၁၀ ရက်က ၁၇ရက်အတွင်းသွားရောက်မှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ