အေဒင်ပင်လယ်ကွေ့ရှိ ကုန်တင်သင်္ဘောတစ်စီးကို ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်သော ဒုံးကျည် ထိမှန်ခဲ့ခြင်းကြောင့် သင်္ဘောသား(၃)ဦးသေဆုံး
Pika (NSS) - မတ် ၇
မတ်လ(၆)ရက်တွင် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် အေဒင်ပင်လယ်ကွေ့ရှိ ကုန်တင်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ပြီး အနည်းဆုံးသင်္ဘောသား(၃)ဦးသေဆုံးကာ အခြား သင်္ဘောသား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း သွားလာနေသော ကုန်တင် သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား လအတော်ကြာလုပ်ဆောင်ခဲ့သော်လည်း မတ်လ(၆)ရက်က ဖြစ်ပွားခဲ့သော လူသေဆုံးမှုမှာ ယခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်သော သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်သည် Barbados နိုင်ငံ အလံလွှင့်တင် ထားသော လိုက်ဘေးရီးယားနိုင်ငံပိုင် M/V True Confidence သင်္ဘောကို ထိမှန်ခဲ့ပြီး သင်္ဘောသား(၃)ဦး သေဆုံး ကာ အခြားသင်္ဘောသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် CENTCOM က ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူ(၄)ဦးအနက် (၃)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း CENTCOM က ထုတ်ပြန် ပြောကြားခဲ့သည်။ CENTCOM က "သင်္ဘောသားတွေအားလုံးဟာ အဲဒီသင်္ဘောကို စွန့်ခွာခဲ့ကြပြီး ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့စစ်သင်္ဘောတွေဟာ အခြေအနေတွေကို အကဲဖြတ်ပြီး တုံ့ပြန်မှုတွေလုပ်ဆောင်နေပါတယ်။ ဒီတိုက်ခိုက်မှုက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ နှစ်ရက်အတွင်း သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တွေကို (၅)ကြိမ်မြောက် ပစ်လွှတ်ခဲ့တာပဲဖြစ်ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့မဆင်မခြင်တိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ် စေပြီး နိုင်ငံတကာသင်္ဘောသားတွေရဲ့အသက်ကို ဆုံးရှုံးစေခဲ့ပါတယ်" ဟု ပြောခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ သတိပေးချက်များကို အဆိုပါကုန်တင်သင်္ဘော၏ သင်္ဘောသားများက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် ဒုံးကျည် အများအပြားဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံကို ဖိနှိပ်ဖို့ အမေရိကန်နိုင်ငံကြိုးပမ်းနေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ