အမေရိကန်စစ်တပ်၏အသုံးစရိတ်များကို ယူကရိန်းသို့ပေးပို့ရန် သမ္မတဂျိုးဘိုင်ဒန်က စဉ်းစားနေကြောင်း ဘလွန်းဘတ် ဖော်ပြ
Pika (NSS) - မတ် ၇
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံတွင် လိုအပ်နေသည့် နောက်ထပ်စစ်ရေးအကူအညီများကို ပံ့ပိုးပေးနိုင်ရန် အတွက် အမေရိကန်စစ်တပ်၏ အသုံးစရိတ်ကို အသုံးပြုရန်စဉ်းစားနေကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ဘလွန်းဘတ်သတင်းဌာနက မတ်လ(၆)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
သို့သော်လည်း ယူကရိန်းသို့ နောက်ထပ်စစ်ရေးအကူအညီများ ပံ့ပိုးပေးရန်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို လက်ရှိအချိန်အထိ ချမှတ်ရခြင်းမျိုးမရှိသေးကြောင်း သတင်းရင်းမြစ်များထဲမှ တစ်ဦးက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် မတ်လ(၇)ရက်တွင်ပြုလုပ်မည့် ၎င်း၏မိန့်ခွန်းပြောဆိုမှုအတွင်း ယူကရိန်း အတွက် နောက်ထပ်အကူအညီအသစ်များကို အတည်ပြုပေးရန် လွှတ်တော်အမတ်များကို ထပ်မံတိုက်တွန်းသွား လိမ့်မည်ဖြစ်ကြောင်း ဘလွန်းဘတ်က ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ပြီးခဲ့သည့်လတွင် အထက်လွှတ်တော်က ထောက်ခံခဲ့ သော်လည်း အငြင်းပွားမှုများရှိခဲ့ပြီးနောက် အဆိုပါအစီအစဉ်အသစ်မှာ အောက်လွှတ်တော်တွင် ရပ်တန့်သွားခဲ့ ကြောင်း သိရသည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များသည် လက်ရှိအချိန်အထိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဥပဒေမူကြမ်းကို ထောက်ခံရန် ငြင်းဆိုထားကာ မက္ကဆီကိုနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်မှတစ်ဆင့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ထိရောက်သောအစီအစဉ်များ ချမှတ်ရန်ကိစ္စနှင့်ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို ဖိအားပေးနိုင်ရန် မျှော်လင့်နေကြောင်းသိရသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဒွန်းဘက်စ်ဒေသရှိ အဓိကနေရာအများအပြားမှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပြီး ယူကရိန်းအတွက် အရေးကြီးသည့်အခြေအနေများ ဖြစ်ပေါ်နေသည့်အချိန်တွင် အမေရိကန် လွှတ်တော်တွင်လည်း အကူအညီပေးရေးအစီအစဉ်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ဆုံးရှုံးရမှုများ၏ နောက်ကွယ်က အကြောင်းအရင်းများမှာ ခဲယမ်း မီးကျည်များနှင့် အခြားပစ္စည်းကိရိယာများ ပြတ်လပ်မှုတို့ကြောင့်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး နှင့် အခြားအရာရှိများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးတက္ကသိုလ်ကို ဝင်စီးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးလောကမှ အမြင်များ (အင်တာဗျူး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ