ဝတ်စလစ် အကမယ်ဖျော်ဖြေမှုကြောင့် နေပြည်တော်ရှိ အရက်ဘားတစ်ခု တစ်လဆိုင်ပိတ်သိမ်း
NSS - မတ် ၃
လူမှုကွန်ယက်တွင်ပျံနှံနေသော အကမယ်၏ ဖျော်ဖြေမှုအပေါ် သက်ဆိုင်ရာအရက်ဘားပိုင်ရှင်က ပြန်လည် တောင်းပန်သည့်အနေဖြင့် ဆိုင်တစ်လပိတ်သိမ်းကြောင်း အသိပေးကြော်ငြာထားသည်။
ယင်းကြော်ငြာမှုအရ ဆိုင်အား အမှန်တကယ်ပိတ်သိမ်းခြင်း မရှိနိုင်ကြောင်း နေပြည်တော်မြို့နေ ဝန်ထမ်းများက သုံးသပ်ပြောဆိုကြသည်။
နေပြည်တော်ရှိ အရက်ဘားတစ်ခုတွင် မတ်လ ၁ ရက်က ဒိုးနပ်(Donut) နှင့် နန်းစိန်(NanSein) DJ ပွဲအား ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် Sexy Dancer ဖြစ်သူ Ada Wong မှ မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီစွာ အပေါ်ပိုင်း (ရင်သားများအား တိတ်ဖြင့်ကပ်ကာ) ဗလာကျင်းဖြင့် Sexy Dance ပုံစံ ကပြဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
“ဆိုင်ပိတ်တာလဲ ခဏပဲဖြစ်မှာပါ။ နေပြည်တော်က ဘားတွေအရက်ဆိုင်တွေက လူကြီးတွေ ပိုင်တာ။ နောက်တော့ ပြန်ဖွင့်မှာဘဲ။ အခုအချိန် နေပြည်တော်မှာ သာမာန်ဝန်ထမ်းတွေ ကုမ္ပဏီတွေတောင် ဘားတွေ မသွားနိုင်တော့ဘူး။ လူကြီးသားသမီးတွေတော့ သွားနေကြတယ်ထင်တာဘဲ” ဟု နေပြည်တော်မြို့ခံအစိုးရဝန်ထမ်းတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိ နေပြည်တော်သည် လုံခြုံရေးတင်းကြပ်ပြီး ညပိုင်းတွင် လူသွားလူလာနည်းပါးနေရာ အဆိုပါ အရက်ဘားသို့ လာရောက်သူအများစုမှာ ငွေကြေးတတ်နိုင်သူများ နှင့် အထက်တန်းလွှာများသာဖြစ်နိုင်ကြောင်း သိရသည်။
“မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် မည်သည့် ကပြဖျော်ဖြေမှုမျိုးကိုမဆိုပြုလုပ်သွားမည် မဟုတ်ပါကြောင်း နှင့် တာဝန်ယူ/တာဝန်ခံမှုအနေဖြင့် ဆိုင်အပေါ်ထပ် DJ ခန်းအား ယနေ့ မတ်လ ၃ ရက်မှစတင်ကာ ၁ လ တိတိ ခေတ္တ ပိတ်သိမ်း ရပ်နားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာတောင်းပန်အပ်ပါသည်” ဟု နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် ဧရာဝတီလမ်းရှိ အဆိုပါအရက်ဘား၏ တရားဝင် လူမှုကွန်ယက်မှတဆင့် ဖော်ပြခဲ့သည်။
ဝတ်စလစ်ဖြင့် ကပြဖျော်ဖြေသော အကမယ်နှင့် အရက်ဘားဆိုင်အား သက်ဆိုင်ရာက မည်သို့ အရေးယူမည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA ထက်ပိုကောင်းသည့် ငြိမ်းချမ်းရေးလမ်းကြောင်း မရှိသေးဟု KNU ပဒိုစောရွှေမောင်း သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း