NCA ထက်ပိုကောင်းသည့် ငြိမ်းချမ်းရေးလမ်းကြောင်း မရှိသေးဟု KNU ပဒိုစောရွှေမောင်း သတိပေး
မြူနစ် (NSS) - မတ် ၃
NCA ထက်ပိုကောင်းသည့် ငြိမ်းချမ်းရေးလမ်းကြောင်း မရှိသေးကြောင်း KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကို NP News မှတစ်ဆင့် သတိပေးသုံးသပ်ပြောကြား သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြဖူး သည်။
သို့သော် လက်ရှိနစကအစိုးရလက်ထက်တွင် NCA အရ ငြိမ်းချမ်းရေးဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိနေသကဲ့သို့ NCAလမ်းကြောင်းမှ သွေဖည်သွားသောအဖွဲ့များလည်း ရှိနေသည်။
“အခုလောလောဆယ်ကတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်လက်လှမ်းမီသလောက်ပေါ့။ ပြောရမယ်ဆိုရင် မငြိမ်းမချမ်းဖြစ်အောင် ဆောင်ရွက်နေကြတဲ့သူတွေချည်းပဲကိုး။ ခံစားမှုကို အခြေခံပြီးတော့မှ လက်တုံ့ပြန်မှုက ဒါက မကောင်းဘူးလေ။ ဘယ်တော့မှ အဖြေကောင်းရမှာမဟုတ်ဘူး။ အဲဒါကတော့ ကျွန် တော့် သဘောထား ပဲလေ။ ကျွန်တော်တို့ ဒီနိုင်ငံ သားတွေ အားလုံးစုစည်းပြီးတော့မှ တွေ့ဆုံကြပြီး အဖြေရှာကြဖို့ပဲ လိုအပ်တာပေါ့။ ဒီလိုမျိုးမတွေ့ဆုံကြဘဲနဲ့ ဒီလိုလက်နက်ကိုင်ပြီးတော့မှ ပစ်ခတ်တိုက်ခိုက်ကြမယ်ဆိုလို့ရှိရင် အခြေအနေဆိုးရွား သွားမယ့်အနေအထားကိုပဲ ရောက်သွားမှာပေါ့” ဟု ပဒိုစောရွှေမောင်းက ပြောသည်။
ထို့ပြင် NCA သည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် အကောင်းဆုံးလမ်းကြောင်းတစ်ခုဖြစ်ပြီး NCA ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေသည့်အတွက် မှေးမှိန်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်မံ ပြောသည်။
“ NCA ထက်ပိုကောင်းတဲ့ဟာ မရှိသေးပါဘူး။ ကျွန်တော်တို့ တွေ့ကြုံလာခဲ့ရတဲ့ အခြေအနေပေါ့နော်။ ဒီ NCA ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးလမ်းကြောင်းတစ်ခုပါ။ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲရှိနေသေးလို့ပဲ ဒါက မှေးမှိန်သွားတယ်လို့ ပြောရမှာပဲ။ NCA ဟာ မကောင်းဘူးပဲ ထင်နေကြတယ်။ တကယ်တမ်းကျရင် ဘယ်သူမှအကောင်အထည်မဖော်ကြသေးဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဘယ်သူမှ မဆောင်ရွက် သေးဘူး။ တကယ်လို့သာ ရှေ့ဆက်ဆောင်ရွက်မယ်ဆိုရင် ဒီထက်အများကြီး တိုးတက်ကောင်းမွန်နိုင်တယ် နိုင်ငံအတွက်လေ။ ကျွန်တော်က အဲဒီလိုမျိုးမြင်ပါတယ်” ဟု ပဒိုစောရွှေမောင်းက ပြောသည်။
NCA လက်မှတ်ရေးထိုးထားသော RCSS၊ ALP၊ DKBA၊ LDU၊ KNU/KNLA-PC၊ NMSP၊ PNLO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် လက်ရှိနစကအစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေး နွေးလျက်ရှိသော်လည်း KNU၊ CNF၊ ABSDF အဖွဲ့တို့ တိုက်ပွဲများဖော်ဆောင်နေလျက်ရှိသည်။ ထို့ပြင် NCA သည် ငြိမ်းချမ်းရေးထံ ဦးတည်သော စာချုပ် တစ်ရပ်ဖြစ်ပြီး စာချုပ်ပါ ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ကလည်း ပြီးခဲ့သော NCAစာချုပ် (၈) နှစ်ပြည့်အခမ်းအနားတွင် တိုက်တွန်းပြောဆိုထားဖူးသည်။
လက်ရှိနစကအစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA အတိုင်းဆောင်ရွက်သွားမည်ဖြစ်ဟု ကြေညာ ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးရန်လည်း ဖိတ်ခေါ်နေလျက်ရှိ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်သံအမတ်ကြီးရဲ့ပြောဆိုချက်များကို တရုတ်အစိုးရ ဝေဖန်ပြစ်တင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း