ဖိလစ်ပိုင်သံအမတ်ကြီးရဲ့ပြောဆိုချက်များကို တရုတ်အစိုးရ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - မတ် ၄
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးရဲ့မှတ်ချက်ပြု ပြောစကားတွေကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်သံအမတ်ကြီးရဲ့ပြောဆိုချက်တွေဟာ လက်တွေ့အချက်အလက်တွေကို အခြေခံတာမျိုးမရှိကြောင်း၊ တရုတ်နိုင်ငံအပေါ်ဆန့်ကျင်တဲ့ဝေဖန်အပုပ်ချမှုတွေ၊ ထင်မြင်ယူဆချက်တွေဟာ တောင်တရုတ်ပင်လယ်အရေး ပြဿနာတွေကို ပိုမိုဆိုးရွားလာနေကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးက ပြောပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက အမေရိကန်အစိုးရဟာ တောင်တရုတ်ပင်လယ်အရေးအပြင် ထိုင်ဝမ်အရေးတို့နဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ရတဲ့ အခြေနေမျိုးတွေရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ တရုတ်သံရုံးက "အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ကြီးရဲ့ပြောဆိုချက်တွေဟာ ဒေသအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထိခိုက်နစ်နာစေတယ်။ အဲဒီပြောစကားတွေဟာ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက် ပြီး ခြိမ်းခြောက်မှုတွေကို ရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အငြင်းပွားမှုများပိုမိုဖြစ်လာခဲ့ရာ နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ ဟာ နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ခဲ့ရပြီး ခုံရုံးကတရုတ်နိုင်ငံကို အနိုင်ပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတွေကို ဝင်တိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၆၄)ရုံရှိပြီး စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ်(၇၀ဝဝ)ကျော် ရှိသော်လည်း မဂ္ဂါဝပ်(၃၀ဝဝ)ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ