စီးပွားရေးပျက်ကပ်ကြားကပင် အီရန်၌ ပါလီမန်ရွေးကောက်ပွဲကို ကျင်းပခဲ့
ALynn (NSS) - မတ် ၂
အီရန်နိုင်ငံသားများသည် စီးပွားရေးမတည်ငြိမ်မှုနှင့် နိုင်ငံရေး၊ လူမှုရေးလွတ်လပ်ခွင့်များ ကန့်သတ်ခံထားရသည့်ကြားကပင် ပါလီမန်အသစ်အတွက် မတ်လ ၁ ရက် (သောကြာနေ့)က ဆန္ဒမဲပေးခဲ့ကြသည်။
၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ ခုနှစ်အတွင်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် တရားဝင်လူထုဆန္ဒကို ထင်ဟပ်စေမည့် ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။ အီရန် ခေါင်းဆောင် ခါမာနီကိုယ်တိုင် ပြည်သူများအား မဲပေးရန်ဆော်ဩထားသော်လည်း တီဟီရန်ရှိ မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူနည်းပါးကြောင်း တွေ့ရသည်။ အာဏာပိုင်များ သည် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ပြုပြင်ပြောင်း လဲရေးသမားအများစုကို တားမြစ်ထားပြီး ရှေးရိုးစွဲဝါဒီသမားများကိုသာ ယှဉ်ပြိုင်စေသည်။ အီရန်သည် နျူကလီးယားလက်နက်အစီအစဉ်များ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းစစ်ပွဲတို့တွင် လက်နက်များအထောက်အပံ့ပေးနေခြင်းတို့ကြောင့် အနောက် အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရကာ စီးပွားရေးမှာ နှောင့်နှေးလျက်ရှိနေသည်။
ကိုယ်စားလှယ် ၁၅,၀၀၀ ခန့်သည် ပါလီမန်အမတ်နေရာ ၂၉၀ အတွက် ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက် ၁၁၆ ဦး လောက်ကသာ အပြောင်းအလဲလိုလားသည့် ကိုယ်စားလှယ်များဖြစ်ကြသည်။ အာဏာပိုင်များသည် ထိုကဲ့သို့ အစိုးရအား တော်လှန်လိုသော၊ ပြုပြင်လိုသော အပြောင်းအလဲမှန်သမျှကို တားဆီးပိတ်ပင်ထားသည်။ ခေါင်းဆောင် ခါမာနီကိုယ်တိုင် ရွေးကောက်ပွဲတွင် ပါလီမန်ကိုယ်စားလှယ်လောင်းသစ်များအတွက် မဲပေးခဲ့သည်။
ခါမာနီသည် အသက်အရွယ်ရလာပြီဖြစ်သည့်အတွက် ဘာသာရေးခေါင်းဆောင်များအစုအဖွဲ့က ၎င်းသေဆုံးသည့်အခါ သို့မ ဟုတ် ရာထူးမှဆင်းပေးသည့်အခါ နောက်ထပ်ခေါင်းဆောင်သစ်တစ်ဦးကို တင်မြှောက်နိုင်ရန် စီစဉ်ထားရသည်။ စစ်တမ်းကောက်ယူချက်များအရ အီရန်နိုင်ငံ၏ ယခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံသား ၄၁ ရာခိုင်နှုန်းလောက်သာ မဲပေးရန် အရည် အချင်းပြည့်မီသည့်အတွက် မဲပေးသူဦးရေနည်းလိမ့်မည်ဖြစ် ကြောင်း ပညာရှင်များ သုံးသပ်ထားသည်။ သောကြာနေ့က အာဏာပိုင်များသည် မဲပေးမည့်အချိန်ကို ထပ်တိုးပေးကာ မဲရုံများကို အချိန်အတော်ကြာဖွင့်ပေးခဲ့သည်။ ရွေးကောက်ပွဲကနဦးရလဒ်များကို ယနေ့ (စနေနေ့) တွင် သိရှိရမည်ဟု မျှော်လင့်ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များကို လေကြောင်းမှတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ