Burma Football Academyမှ သင်တန်းသားဟောင်းနှင့် သင် တန်းသားအသစ် မိတ်ဆက်ပွဲကျင်းပ
သန့်ဇင် (NSS) - မတ် ၂
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Burma Football Academy မှ မြန်မာ့အနာဂါတ် မျိုးဆက်သစ်ကစားသမားများဖြစ်ပေါ်လာနိုင်သည့် သင်တန်းသားဟောင်း နှင့် သင်တန်းသားအသစ်များ မိတ်ဆက်ပွဲကျင်းပခဲ့သည်။
အဆိုပါသင်တန်းသားမိတ်ဆက်ပွဲကို ယနေ့(မတ်လ ၂ ရက်)၊ နံနက် ၆နာရီ ၄၅မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်အကယ်ဒမီရှေ့ရှိ မြက်ခင်းတုဘောလုံးလေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
“ဒီနေ့က Burma Football Academy ကသင်တန်းသား ဟောင်း နဲ့ အသစ်ဝင်လာတဲ့ သင်တန်းသားအသစ်တွေမိတ်ဆက်ပေးတာပေါ့။ ဒီမှာက အသက်ကန့်သတ်ထားတာက အသက်(၆) နှစ်ကနေ (၁၆)နှစ်ထိရတယ်။ အရင်နှစ်က သင်တန်းသား (၁၂၀) ကနေ ခုနှစ်ဆိုရင်တော့ သင်တန်းသားအားလုံး(၁၅၀)ရှိပြီပေါ့” ဟု Burma Football Academy မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
Burma Football Academy ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် အသက်(၆)နှစ်မှ (၁၆)နှစ်အတွင်းရှိသူများသာ လေ့ကျင့်သင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Burma Football Academy ၌ သင်တန်းသားဦးရေ (၁၅၀)ဦးအား အနာဂတ်မျိုးဆက်သစ်ဘောလုံးကစားသမား ကောင်းများပေါ်ထွက်စေရန် တစ်နှစ်ပတ်လုံးအတိုင်းအတာဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယက ကမ္ဘာပေါ်တွင် စီးပွားရေး အလျင်မြန်ဆုံးတိုးတက်မှုရှိသည့် နိုင်ငံဖြစ်ကြောင်း IMF ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း