ဘားအံ-ကော့ကရိတ်သွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲခံရ
NP News - ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံ-ကော့ကရိတ်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံ တား(၁)စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။
နစကမှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၂၄)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့ နယ်၊ ဘားအံ-ကော့ကရိတ်သွား ကားလမ်း မိုင်တိုင်အမှတ် (၁၁၁)နှင့် (၁၁၂)ကြားရှိ ငါးတိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ငါးတိုင်ကျေးရွာ၏ အရှေ့ဘက် မီတာ(၁၅ဝဝ)ခန့်အကွာရှိ အရှည်(၄၆)ပေ၊ အ ကျယ်(၃၂)ပေ၊ အမြင့်(၁၂)ပေရှိသော သံကူကွန်ကရစ် အမျိုးအစား တံတားအား KKO (ခွဲထွက်) အဖွဲ့ နှင့် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ဘားအံမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ သွားသည့် ကားလမ်း၏ ညာဘက်ခြမ်းမှာ (၂)ပေပတ်လည်ခန့် ပေါက်ထွက်ပျက်စီးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် တံတားပျက်စီးမှုအား သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ပြင်ဆင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
zawgyi version
ဘားအံ-ေကာ့ကရိတ္သြားကားလမ္းေပၚရွိ သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲခံရ
NP News - ဒီဇင္ဘာ ၂၅
ကရင္ျပည္နယ္၊ ဘားအံ-ေကာ့ကရိတ္သြား ကားလမ္းေပၚရွိ သံကူကြန္ကရစ္တံ တား(၁)စင္း မိုင္းေထာင္ေဖာက္ခြဲခံခဲ့ရေၾကာင္း သိရသည္။
နစကမွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ(၂၄)ရက္၊ ေန႔လည္(၂)နာရီအခ်ိန္ခန႔္တြင္ ေကာ့ကရိတ္ၿမိဳ႕ နယ္၊ ဘားအံ-ေကာ့ကရိတ္သြား ကားလမ္း မိုင္တိုင္အမွတ္ (၁၁၁)ႏွင့္ (၁၁၂)ၾကားရွိ ငါးတိုင္ေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။ ငါးတိုင္ေက်း႐ြာ၏ အေရွ႕ဘက္ မီတာ(၁၅ဝဝ)ခန႔္အကြာရွိ အရွည္(၄၆)ေပ၊ အ က်ယ္(၃၂)ေပ၊ အျမင့္(၁၂)ေပရွိေသာ သံကူကြန္ကရစ္ အမ်ိဳးအစား တံတားအား KKO (ခြဲထြက္) အဖြဲ႕ ႏွင့္ PDF မ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။ မိုင္းေထာင္ေဖာက္ခြဲခံရမႈေၾကာင့္ ဘားအံၿမိဳ႕ဘက္မွ ေကာ့ကရိတ္ၿမိဳ႕ဘက္သို႔ သြားသည့္ ကားလမ္း၏ ညာဘက္ျခမ္းမွာ (၂)ေပပတ္လည္ခန႔္ ေပါက္ထြက္ပ်က္စီးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
လက္ရွိတြင္ တံတားပ်က္စီးမႈအား သက္ဆိုင္ရာမွ အျမန္ဆုံးျပန္လည္ျပင္ဆင္လ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်သစ်ကူးကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပါက ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း