မာလီနိုင်ငံမြောက်ပိုင်းအား အစိုးရက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်း
ALynn (NSS) - မတ် ၁
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်လောက်က မာလီစစ်ခေါင်းဆောင်များသည် Tuareg လက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် Kidal မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အာဏာသိမ်းပြီးကတည်းက Tuareg အဖွဲ့သည် မာလီစစ်ခေါင်းဆောင်များ၏ အချုပ်အခြာအာဏာ အား ခြိမ်းခြောက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်ကတည်းက နိုင်ငံသည် အကြမ်းဖက်မှုများဖြစ်ပွားလျက်ရှိကာ အယ်လ်ကိုင်ဒါ နှင့် IS ကဲ့သို့ အစ္စလာမ္မစ်စစ်သွေးကြွများနှင့်ဆက်နွယ်နေသည့် Tuareg အဖွဲ့သည် Azawad လွင်ပြင် ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တောင်းဆိုလျက်ရှိသည်။
အာဏာသိမ်းမှုများအပြီးတွင် မာလီပြည်သူများသည် အပြောင်းအလဲဆီ ဦးတည်နိုင်မည်ဟု မျှော်လင့်ကြသော် လည်း မာလီနိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများက နှစ်ဆမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် မာလီ အစိုးရ၏ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးထိန်းသိမ်းတပ်ဖွဲ့ ၁၃,၀၀၀ ဆုတ်ခွာပေးခဲ့ရသည်။ အကူအညီပေးရေးအဖွဲ့အစည်း Mercy Corps ၏ အဆိုအရ မာလီနိုင်ငံသား သုံးပုံတစ်ပုံကျော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများအပေါ်မှီခိုနေရပြီး တိုက်ပွဲများကြောင့် လူအများအပြားသည် ၎င်းတို့၏ ကျေးရွာများမှ ထွက်ပြေးနေရကြောင်း သိရသည်။
အစိုးရသည် သူပုန်များကို တိုက်ထုတ်ရန် ရုရှားကြေးစားတပ်ဖွဲ့များ၏ အကူအညီယူကြရသည်။ ထို့ပြင် ရုရှား၊ တူကီယဲ နှင့် အခြားနိုင်ငံများမှ ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များနှင့် ဒရုန်းကဲ့သို့ စစ်လက်နက်များ ထောက်ပံ့ ပေးထားသည်။ မာလီအစိုးရသည် အကြမ်းဖက်သမားများကို တရားဝင်အရေးယူမှုများလည်း ဆောင်ရွက်လျက်ရှိ နေသည်။ နိုဝင်ဘာလတွင် မာလီတရားစီရင်ရေးဌာနသည် အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုနှင့် စစ်လက်နက်တရားမဝင်လက်ဝယ်ထားရှိမှုများအတွက် နိုင်ငံတွင်းရှိ အယ်လ်ကိုင်ဒါ ခေါင်းဆောင်များနှင့် Tuareg ခွဲထွက်ရေးသမားများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။
သူပုန်အုပ်စုများသည် Algiers Accord ဟုခေါ်သည့် ၂၀၁၅ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ ဇန်နဝါရီလက ၎င်းစာချုပ်အား ချိုးဖောက်ခဲ့သည်။ ၎င်းသဘောတူစာချုပ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်ပိုင် စစ်တပ်ထဲသို့ သူပုန်များကို ပေါင်းစည်းထည့်သွင်းသွားမည်ဖြစ်ပြီး နိုင်ငံရှိ ဒေသအများစုကိုလည်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ပေးရန်ဖြစ်သည်။
သို့သော် မာလီအစိုးရ၏ ဖော်ပြချက်အရ စာချုပ်ပျက်ပြယ်သွားပြီးနောက် ကြားဝင်စေ့စပ်ပေးခဲ့သည့် အယ်လ်ဂျီးရီးယားနိုင်ငံသည်ပင် ရန်လိုသည့်အပြုအမူများကို လုပ်ဆောင်လာကြောင်း သိရသည်။ ထို့ပြင် စာချုပ် ပြန်လည်အသက်ဝင်ရန် နိုင်ငံတကာက ကြားဝင်ဖျန်ဖြေခဲ့သော်လည်း အစိုးရသည် သူပုန်များဘက်မှ တောင်းဆိုမှုများကို ပယ်ချပစ်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများပြားခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးအနေဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ ဆောင်ရွက်ပေးနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း