ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများပြားခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးအနေဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ ဆောင်ရွက်ပေးနေ
ယွန်း (NSS) - မတ် ၁
ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများပြားခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကြိုတင်ရက်ချိန်း ရယူခြင်းကို အီးမေးလ်ဖြင့်သာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိအခြေအနေများအရ မြန်မာလူငယ်များအနေဖြင့် ပြည်ပသို့ထွက်ခွာရန် ကြိုးပမ်းမှုများရှိနေရာ မြန်မာနိုင်ငံ ဆိုင်ရာထိုင်းသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတို့တွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ များပြားနေခြင်းဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ယနေ့(မတ်လ ၁ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
လက်ရှိတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုများ အလွန်များပြားခြင်းကြောင့် လျှောက်ထားသူများ လွယ်ကူ အဆင်ပြေစေရန် ဖုန်းဖြင့်ကြိုတင်ရက်ချိန်း ရယူခြင်းကို ခေတ္တရပ်နားထားကြောင်းလည်း သံရုံးက ဆိုသည်။
သံရုံးအနေဖြင့် လတ်တလောတွင် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ လက်ခံဆောင်ရွက်နေပြီး အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်ကြောင်း သံရုံးက မေတ္တာရပ်ခံထားသည်။
သို့သော် အီးမေးလ်ရရှိပါက မပျက်မကွက်အကြောင်း ပြန်ပေးမည်ဖြစ်ပြီး ဖုန်းဖြင့် ပြန်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနွေရာသီ၌ နေ့အပူချိန်မြင့်တက်၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်စဥ်များ ကြုံတွေ့ရနိုင်ဟု မိုးဇလဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း