အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦး သေဆုံး
Pika (NSS) - မတ် ၁
အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ Madhya Pradesh ပြည်နယ်တွင် ဖေဖော်ဝါရီလ(၂၉)ရက်က ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အမျိုးသမီး(၅)ဦး အပါအဝင် အနည်းဆုံးလူ(၁၅)ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကားတိမ်းမှောက်မှုအတွင်း အခြားလူ(၂၀)ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်းရဲအရာရှိတစ်ဦး က ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ အဆိုပါမတော်တဆမှု သည် Madhya Pradeshပြည်နယ် Mandlaခရိုင်ရှိ Bichhiya ဧရိယာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသည် ကားကို ထိန်းချုပ်မှုလွတ်သွားခဲ့ပြီးနောက် ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတော်တဆမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူအချို့သည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည့်အတွက် သေဆုံးသူ အရေအတွက်မှာ တိုးမြင့်လာနိုင်ဖွယ်ရှိနေကြောင်း အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများသည် တစ်ရွာတည်းသားများဖြစ်ကြပြီး အနီးရှိ မင်္ဂလာဆောင်ပွဲအကြို အခမ်းအနားမှ ပြန်လာချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမတော်တဆမှုနှင့်ပတ်သက်ပြီး အလွန်စိတ်မကောင်းဖြစ်မိကြောင်း အိန္ဒိယသမ္မတ Droupadi Murmu၊ ဝန်ကြီးချုပ်မိုဒီ နှင့် အခြားအကြီးတန်းခေါင်းဆောင်များက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် လမ်းထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ စည်းကမ်းလိုက်နာမှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာလီနိုင်ငံမြောက်ပိုင်းအား အစိုးရက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း