ဝိုင်းမော်မြို့နယ်တွင် အချုပ်ကားတစ်စီးကို အကြမ်းဖက်သမားများက သေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - ဖေဖော်ဝါရီ ၂၉
ဝိုင်းမော်မြို့နယ်တွင် အချုပ်ကားတစ်စီးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၉ ရက်)၊ နေလည်ပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အချုပ်သားများပို့ပြီးပြန်လာသည့် ဝိုင်းမော်မြို့မရဲစခန်းမှအချုပ်ကား တစ်စီးကို အဆိုပါနောင်တာလော ကျေးရွာအနီးတွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
"ဝိုင်းမော်နဲ့ မြစ်ကြီးနားကြားထဲက နောင်တာလောရွာနားမှာ၊ ရွာဆိုပေမယ့် ဝိုင်းမော်နဲ့ တဆက်တည်း ပါပဲ။ အဲဒီနားမှာ အချုပ်ကားက ပို့ပြီးပြန်လာတာကို နောက်က လိုက်ပစ်တဲ့အခါကျတော့ ကားမောင်းတဲ့လူနဲ့ (၂)ယောက် ဒဏ်ရာရတယ်။ အချုပ်သားတွေ ထွက်ပြေးတယ်ဆိုတာလဲ မဟုတ်ဘူး။ ထိတယဆိုတာလည်း မဟုတ်ဘူး။ ပို့ပြီးပြန်လာတာဖြစ်တဲ့အတွက် အချုပ်သားတွေမပါဘူး။ လိုက်ပစ်တဲ့လူကတော့အတိအကျမသိဘူး။ (၄/၅/၁၀) ယောက်လောက်တော့ရှိမှာပေါ့" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမြင်ကွင်းမှာသေဒဏ်ပေးတဲ့စနစ်ကျင့်သုံးတဲ့ တာလီဘန်အဖွဲ့ရဲ့လုပ်ရပ်ကို ကုလသမဂ္ဂအဖွဲ့ဝေဖန်ပြစ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း