စလင်းမြို့နယ်တွင် တပ်မတော်၏လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၉
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းပြီးနောက် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုသည် ယနေ့(ဖေဖော်ဝါရီလ ၂၉ ရက်)၊ မွန်းလွဲ ၁၂နာရီဝန်းကျင်အချိန်တွင် စလင်းမြို့နယ်၊ ကြို့ဝန်းကြီး ကျေးရွာအနီး၊ လက်မဲကန်အနီးရှိ ယာကွင်းပြင်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လေယာဉ်ကတော့ လေ့ကျင့်ရေးလေယာဉ်ပါ။ စက်ချို့ယွင်းပြီး ပျက်ကျတာ။ ဂျက်ဖိုက်တာတော့မဟုတ်ဘူး။ လေ့ကျင့်ရေးယာဉ်ပါ။ လေယာဉ်ပေါ်မှာ တစ်ယောက်တည်းပါတာလို့ သိရတယ်။ သူကလည်း လေထီးနဲ့ ခုန်ချလို့ အန္တရာယ်ကင်းတယ်လို့ သိရတယ်။ ဘာမှ ထိခိုက်မှုမရှိဘူးပေါ့။ လေယာဉ်ကပျက်ကျပြီးတော့ မီးလောင်ပေါက်ကွဲသွားတဲ့သဘောရှိတယ်” ဟု အဆိုပါဖြစ်စဉ်အား သိရှိသော ဒေသခံလုံခြုံရေးသတင်းအရင်းအမြစ်တစ်ဦးက NSS ကိုပြောသည်။
ယခုကဲ့သို့ ပျက်ကျခဲ့သော လေ့ကျင့်ရေးလေယာဉ်သည် မကွေးလေတပ်မှ လေယာဉ်တစ်စင်းဖြစ်ပြီး လေ့ကျင့်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မကွေးလေတပ်မှ အရာရှိစစ်သည်များသည် စလင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ မကွေးဝန်းကျင်တစ်ဝိုက်တွင် နေ့စဉ်နှင့်အမျှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဏ္ဏားကျွန်းမြို့အနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ရှိနေရာအချို့လည်း မီးလောင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း