ကိုယ့်ကိုယ်ကို ကြက်ဥနဲ့ပစ်ပေါက်ပြီး မတရားတိုက်ခိုက်ခံရသလိုဖန်တီးခဲ့တဲ့ စင်္ကာပူ Influencer တစ်ဦးကို ထိုင်ဝမ် က ပြည်ဝင်ခွင့်ပိတ်ပင်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၉
စင်္ကာပူ Influencer အမျိုးသမီးတစ်ဦးဟာ သူမကို ကြက်ဥနဲ့ပစ်ပေါက်ဖို့ လူငှားလုပ်ဆောင်ခဲ့ပြီး မျက်ရည်ချူခဲ့ခြင်းကြောင့် ထိုင်ဝမ်က သူမကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က မစ္စ ချောင်းဝင်ရီ၊ Social media အမည် KiaraaKitty ဟာ ထိုင်ဝမ်နိုင်ငံတောင်ပိုင်း ခိုဆန် မြို့မှာ သူမကို တစ်စုံတစ်ယောက်က ကြက်ဥတွေနဲ့ ပစ်ပါက်နေတာကို Live လွှင့်ပြီး သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ “တိုက်ခိုက်သူ” ဟာ မစ္စ ချန်နဲ့ ခင်ပွန်းကို မန်ဒရင်းဘာသာနဲ့ အော်ဟစ်နေသံကို ကြားရပါတယ်။
သူမဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ OnlyFans မှာ 18+ တွေ တင်ခြင်းကြောင့် တိုက်ခိုက်ခံရခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်း မသိကြောင်းနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားမယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဖေဖော်ဝါရီ ၁၁ ရက်မှာ ခိုဆန်ရဲတပ်ဖွဲ့က အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မစ္စချန်ဆီမှ တိုင်ကြားချက်မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆရဲတပ်ဖွဲ့ရဲ့“တိုက်ခိုက်သူ” ဟာ မစ္စချန်ရဲ့လက်ထောက်၊ ချူ (ခေါ်) အသက် ၃၂ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုနဲ့ ၎င်းတို့နှစ်ဦးစလုံးကို "လူထုတည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်လောက်တဲ့ ကာလာဟလများဖြန့်ဝေခြင်း” နဲ့ လူမှုစည်းလုံးညီညွတ်ရေး ထိန်းသိမ်းမှုအက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ပြစ်ဒဏ်အဖြစ် ငါးနှစ်အထိ ထိုင်ဝမ်ကို လာရောက်ခွင့် ပိတ်ပင်လိုက်တယ်လို့ ထိုင်ဝမ်အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"တစ်ကျပ်ရရင် တစ်ကျပ်ဖိုးပဲသုံးမယ်ဆိုတဲ့ အိမ်ရှင်မဆန်တဲ့ ပေါ်လစီက မှားနေတယ်" (အင်တာဗျူး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း