မန္တလေးမြို့ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ တရားမဝင်သိုလှောင်ထားသော ငွေကျပ်(၂)ဘီလျံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ တရားမဝင်သိုလှောင်ထားသော ငွေကျပ်(၂)ဘီလျံ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းထောင့်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂိုဒေါင်မှာ ကျော်စိုး(ခ)အားလျံ ငှားရမ်းထားသည့် ဂိုဒေါင်ဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့ဝင်များက ၎င်းဂိုဒေါင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင်သိုလှောင်၍ ဆာလာအိတ် (၂၀၀)ဖြင့် ထည့်ထားသည့် ငွေကျပ်(၂)ဘီလျံကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းကဖင်း(၅)တန်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးချက်များအရ အဆိုပါဖမ်းဆီးရမိခဲ့သည့် ကဖင်းများကို မန္တလေးတိုင်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျော်စိုး(ခ)အားလျံကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အန္တရာယ်ဖြစ်စေမည့်အွန်လိုင်းအကြောင်းအရာများ ဖယ်ရှားရန် နည်းပညာကုမ္ပဏီများကို တွန်းအားပေးသွားမည့် ဥပဒေပြဋ္ဌာန်းရန် ကနေဒါအစိုးရကြိုးပမ်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း