အသက်(၁၆)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက (၂၄)နှစ်အရွယ်အမျိုးသမီးကို ဓားဖြင့်ထိုးသတ်မှု ဖြူးမြို့၌ ဖြစ်ပွား
NSS - ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်း၊ ဖြူးမြို့တွင် စကားများရန်ဖြစ်ရာမှ အသက်(၁၆)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက (၂၄)နှစ်အရွယ် အမျိုးသမီးကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် (ဖေဖော်ဝါရီ ၂၇ ရက်)၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဖြူးမြို့၊ အုတ်ဖြတ်ရပ်ကွက်၊ ပန်းတန်းလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် အသက်(၁၆)နှစ်အရွယ် အောင်မြတ်သူနှင့် အသက်(၂၄)နှစ်အရွယ် မပိုးဥ(ခ)ခြူးခက်နွယ် တို့(၂)ဦးမှာ လူငယ်သဘာဝတွေ့ကြပြီးနောက် စကားများရန်ဖြစ်ကြရာမှ အောင်မြတ်သူက ကြက်သွန်လှီးဓားဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကောင်လေးက ကောင်မလေးကို သတ်တာလို့သိရတယ်။ လည်ပင်းကို လှီးလည်းလှီးတယ်။ ထိုးလဲထိုးသွားတယ်။ ဒဏ်ရာက တော်တော် များတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ထို့သို့ သတ်ဖြတ်ခံရမှုကြောင့် မပိုးဥ(ခ)ခြူးခက်နွယ်တွင် လည်ပင်းဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအမျိုသားကို ဖြူးမြို့မရဲစခန်းက (ပ)၄၅/ ၂၀၂၄ ပုဒ်မ ၃၀၂/၁၁၄ အရ လူသတ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်လာမည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေဟု ရုရှားအစိုးရသတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း