ငြိမ်းချမ်းရေးနဲ့ အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်များအတွက် ယူကရိန်းသမ္မတဇီလန်စကီး ဆော်ဒီသို့သွားရောက်ခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၈
ဖေဖော်ဝါရီလ ၂၇ ရက် (အင်္ဂါနေ့) က ယူကရိန်းသမ္မတ ဇီလန်စကီးသည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ကာ အိမ်ရှေ့မင်းသားနှင့်တွေ့ဆုံပြီး ရုရှား- ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
သမ္မတဇာလန်စကီး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အရ ယူကရိန်းသည် ပဋိပက္ခအဆုံးသတ်ရေး ရှေးရှု့လျက်ရှိပြီး ငြိမ်းချမ်းရေးရရှိရန် ဆော်ဒီနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုများအား အသိအမှတ်ပြုပါကြောင်း ဖော်ပြခဲ့သည်။ ဆော်ဒီနိုင်ငံပိုင်မီဒီယာကလည်း ရုရှား-ယူကရိန်းစစ်ပွဲရပ်တန့်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုမှန်သမျှ ကို ထောက်ခံကြိုဆိုပါကြောင်း ဖော်ပြခဲ့သည်။
ဆော်ဒီနိုင်ငံသည် စွမ်းအင်မူဝါဒများနှင့် OPEC+ အဖွဲ့အစည်းမူဝါဒများအရ ရုရှားနှင့် နီးစပ်မှုရှိသော်လည်း ဆော်ဒီအိမ်ရှေ့မင်းသားသည် ရုရှား-ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး ကြားဝင်စေ့စပ် သူအဖြစ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ အင်္ဂါနေ့က ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ညလုံးပေါက်တိုက်ပွဲများ ပြင်းထန်ပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့များသည် Avdiivka မြို့အနီးရှိ ရွာနှစ်ရွာမှ ဆုတ်ခွာခဲ့ရပြီ ဖြစ်ကြောင်းဖော်ပြခဲ့ သည်။
ရုရှား-ယူကရိန်းစစ်ပွဲ နှစ်နှစ်ပြည့်ပြီးနောက် သမ္မတဇီလန်စကီးက “ယူကရိန်းသည် ဆော်ဒီအာရေဗျ၏ ငြိမ်းချမ်းရေး အတွက် တက်ကြွသော ပံ့ပိုးကူညီမှုများအပေါ် မှီခိုနေရကြောင်း” X မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ဇာလန်စကီးသည် ငြိမ်းချမ်းရေးဖော်မြူလာ ၁၀ ချက်ကို ထုတ်ဖော်ခဲ့ပြီး ၎င်းတို့တွင် ယူကရိန်းမြေမှ ရုရှားတပ်ဖွဲ့များ အားလုံးကို ဆုတ်ခွာခိုင်းရန်၊ ရုရှား၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် တာဝန်ယူခိုင်းရန်တို့ ပါဝင်သည်။ သို့သော် နှစ်ဖက်စလုံးမှ တပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေပြင်တွင် အပြင်းအထန်တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ရာ ရုရှားက ယူကရိန်း၏ ထိုငြိမ်းချမ်းရေးအစီအစဉ်များ ကို လျစ်လျူရှုသလိုဖြစ်နေသည်။
ဆော်ဒီမင်းသားနှင့်တွေ့ဆုံမှု၌ ယူကရိန်းစစ်သုံ့ပန်းများ ပြန်လည်လွတ်မြောက်ရေးနှင့် ပတ်သက် ၍လည်း ဆွေးနွေးခဲ့ကြကြောင်း သမ္မတဇီလန်စကီးက ဖော်ပြခဲ့သည်။ ဆော်ဒီအာရေဗျ၊ ယူအေအီ နှင့် ကာတာတို့သည် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အကျဉ်းသားလဲလှယ်ရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမက်စ်စစ်ပွဲ၏ အိန္ဒိယ-အရှေ့အလယ်ပိုင်းစင်္ကြန်လမ်းစီမံကိန်းအပေါ် ဂယက်ရိုက်မှု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ