ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း နစကအသိပေး
ယွန်း(NSS) - ဖေဖော်ဝါရီ ၂၇
ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား အကြမ်းဖက်များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ရာတွင် ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ PDF အမည်ခံ အကြမ်းဖက်အင်အား ၁၀၀ ကျော်လောက်က ကလေးတက္ကသိုလ်ထဲကိုဝင်ရောက်ပြီး စာသင်ဆောင်တွေမှာရှိတဲ့ ဆရာ/ဆရာမတွေ ကျောင်းသား/ကျောင်းသူတွေ ရုံးဝန်ထမ်းတွေကို ဖမ်းဆီးထားတယ်ဆိုပြီး တာဝန်သိပြည်သူတွေ အသိပေးလာတဲ့အတွက် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးကို အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ လိုက်လံစုံစမ်းဆဲဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားရင်လဲ လွတ်မြောက်နိုင်အောင် ကျွန်တော်တို့အစွမ်းကုန် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ပြောကြားထားသည်။
အကြမ်းဖက်များအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင်လည်း စစ်ရေးနှင့် မသက်ဆိုင်သည့် ကလေးတက္ကသိုလ်အတွင်း ဝင်ရောက်ပြီး စာသင်ဆောင်များတွင်ရှိနေသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်မှ စုစုပေါင်း(၂၈၅)ဦးကို အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း နစကပြောခွင့်ရက အသိပေးပြောကြားထားသည်။
အလားတူ အကြမ်းဖက်များအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလက လွိုင်ကော်တက္ကသိုလ်ရှိ တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို KNPP နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
“အဓိကကတော့ ဒါတွေနဲ့ပတ်သက်ပြီး ဒီလိုဖြစ်စဉ် မျိုးဖြစ်ပွားတိုင်းမှာလည်း ယခင်က ကျွန်တော်တို့ အရပ်သားတွေကို တိုက်ခိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ အရပ်သားအယောင်ဆောင်ပြီး အရပ်ဝတ် ဝတ်ပြီးလှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေကိုချေမှုန်းခဲ့လျှင် အရပ်သားပြည်သူတွေပါဆိုတဲ့ လုပ်နေကြ ပြည်ဖျက်မီဒီယာများ မြန်မာနိုင်ငံပေါ်မှာအစဉ်တစိုက် အမြဲတမ်းတိုက်ခိုက်လာတဲ့ နိုင်ငံများအနေနဲ့ ရေငုံနှုတ်ပိတ်နေတာမဆန်းပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းမှ ယခုအချိန်အထိNUG၊ PDF အဖွဲ့အနေဖြင့် ပညာရေးဝန် ထမ်း(၁၀၀)နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် စာသင် ကျောင်းများ မီးရှို့ဖျက်ဆီးခံရမှုများနှင့် ခြိမ်းခြောက်စာပေးပို့ခံရမှုများလည်း ဖြစ်ပွားနေဆဲဖြစ်ပြီး နစကအနေဖြင့် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်းမရှိမှုကြောင့် အကြမ်းဖက်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း