စင်ကာပူသည် ဆယ်စုနှစ်များစွာ စီးပွားရေးပွင့်လင်းမြင်သာမှုကို ရှေ့တန်းတင်ခဲ့သော်လည်း ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုများကို ကြုံတွေ့ခဲ့ရ
ALynn (NSS) - ဖေဖော်ဝါရီ ၂၇
စင်ကာပူနိုင်ငံသည် သေးငယ်ပြီး သဘာဝအရင်းအမြစ်များ ချို့တဲ့သော်လည်း ပွင့်လင်းသည့် စီးပွားရေးပုံစံနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ဝင်ဆံ့အောင်စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော် ထိုကဲ့သို့ ပွင့်လင်းသည့်စီးပွားရေးပုံစံကပင် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုများကို ဖိတ်ခေါ်သလိုဖြစ်နေသည့်အတွက် ၎င်း၏အောင်မြင်မှုကို ဆက်ထိန်းထားဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ စင်ကာပူအစိုးရသည် အသက် ၅၉ နှစ်အရွယ် စင်ကာပူနိုင်ငံသားခံယူထားသော လုပ်ငန်းရှင် Chan Man Ping Philip အား နိုင်ငံရေးအရအရေးပါသောပုဂ္ဂိုလ်အဖြစ် တံဆိပ်ခတ် နှိပ်ခြင်းဖြင့် ၎င်းတို့၏ ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရေး အက်ဥပဒေကို ဖေဖော်ဝါရီလ ၂၆ ရက် (တနင်္လာနေ့) က စတင်ကျင့်သုံးလိုက်သည်။
စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ Chan သည် ဟောင်ကောင်ဇာတိဖြစ်သည့် အတွက် နိုင်ငံရပ်ခြားခေါင်းဆောင်များနှင့် နီးစပ်မှုရှိနိုင်ပြီး ၎င်းတို့၏ အကျိုးစီးပွားကို ရှေ့ရှုလာ နိုင်ကြောင်း သိရသည်။ စင်ကာပူအစိုးရ၏ သတ်မှတ်ချက်အရ Chan ၏ နှစ်စဉ်နိုင်ငံရေး လှူဒါန်းငွေမှာ စင်ကာပူဒေါ်လာ ၁၀,၀၀၀ နှင့်အထက်ရှိနေပြီး Chan သည် မည်သည့်နိုင်ငံ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်နေကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။
Chan သည် China Link Education Consultancy၊ Hong Kong Singapore Business Association နှင့် Kowloon Club တို့ကို ဦးစီးလုပ်ကိုင်နေသည်။ ၂၀၁၉ ခုနှစ်တွင် ၎င်းအား စင်ကာပူ၏ လူထုစုဝေးခြင်း စည်းမျဉ်းကို ချိုးဖောက်ပြီး ဟောင်ကောင်၌ အငြင်းပွားဖွယ် ဥပဒေ ကြမ်းတစ်ခုကို ဆွေးနွေးခဲ့ခြင်းကြောင့် ရဲက သတိပေးခဲ့ဖူးသည်။
စင်ကာပူသည် ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရေးအက်ဥပဒေ (FICA) ကို ၂၀၂၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေနှင့်ပတ်သက်၍ အတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူများက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ ဩစတြေးလျနှင့် ယူကေတို့တွင်လည်း အလားတူဥပဒေများ ပြဋ္ဌာန်း ထားကြသည်။ တရုတ်အများစုနေထိုင်သော စင်ကာပူနိုင်ငံတွင် နိုင်ငံခြားတိုင်းပြည်များ၏ လွှမ်းမိုးမှုရှိခြင်းက ပုံမှန်လိုဖြစ်နေကြောင်း တရုတ်နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတစ်ဦးက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၃၀၀)နီးပါးကို PDF အဖွဲ့ထံမှ အချိန်မီကယ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း နစကအသိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း