Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးတက္ကသိုလ်အနီး တိုက်ပွဲဖြစ်ပွားစဉ် အဆောင်အတွင်း နေထိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/သူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်မှုဖြစ်ပွား

NSS - ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်အနီး၌ တိုက်ပွဲဖြစ်ပွားစဉ် တက္ကသိုလ်အတွင်း အဆောင်များတွင်နေထိုင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ကလေးတက္ကသိုလ်အနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းမှစတင်ကာ တပ်မတော် နှင့်  PDF ပူးပေါင်းအဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားနေစဉ် ကလေးတက္ကသိုလ်အတွင်းရှိ ဇလပ်နီအဆောင်အပါအဝင် ကျောင်းအတွင်းနေထိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါတက္ကသိုလ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက NSS ကိုပြောသည်။

“တိုက်ပွဲတွေက ကျောင်းနားပတ်ချာလည်မှာ ညထဲကဖြစ်နေတာ။ ဖြစ်နေတဲ့အချိန်မှာ တောထဲကနေ နောက်ပေါက်ကနေဝင်ပြီးတော့ ဆရာ၊ ဆရာမတွေ အဆောင်ပေါ့ တံခါးတွေလိုက်ခေါက်ပြီးတော့ သေနတ်တွေထောက်ပြီးခေါ်သွားတာပေါ့။ အပြင်ကိုခေါ်သွားတာ။ ကျောင်းကိုတော့ မသိမ်းဘူး။ လူတွေကိုခေါ်သွားတာ။ နည်းနည်းတော့များတယ်။ ပုန်းပြီးတော့ကျန်ခဲ့တဲ့သူတွေကတော့ လွတ်တာပေါ့။ ကျောင်းနဲ့နီးနီးလေးပဲ တစ်ဖက်မှာတော့ ချနေကြတဲ့အချိန် တစ်ဖွဲ့ကနေ တစ်ဖက်ကနေတောထဲကနေဝင်လာပြီးတော့ တံခါးတွေဖွင့်ပြီးဖမ်းခေါ်သွားတာ။ တိုက်ပွဲတွေက ညကတည်းကဖြစ်နေတယ်။ လက်ရှိလည်း ဖြစ်နေတယ်။ ပစ်နေကြတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က NSS ကို ပြောသည်။

PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အရေအတွက်ကို လက်ရှိအချိန်အထိ မသိရသေးသော်လည်း ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နေ့လည်ပိုင်း၌ ဖမ်းဆီးခံရသူများအနက်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ ၂၃၂ ဦး ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရှိရကြောင်းလည်း ယင်းတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက NSS ထပ်မံပြောကြားသည်။

“ထိတွေ့ပစ်ခတ်မှုဖြစ်နေတယ်။ ပါချုပ်အပါအဝင် တော်တော်များများက တော့ ရှောင်ထွက်နိုင်ခဲ့တယ်။ နေ့လယ် (၁၂)နာရီထိကတော့ ပြန်တွေ့တဲ့သူ ဆရာ၊ ဆရာမ ကျောင်းသား/ကျောင်းသူဦးရေ (၂၃၂)ဦးရှိပါတယ်။ (၂၃၂)ဦး လုံးက လုံခြုံတဲ့နေရာမှာရှိနေတယ်။ ဒါပေမဲ့ အခုအချိန်အထိ တိုက်ခိုက်မှုတွေက မပြီးသေးပါဘူး။ အဆောင်နာမည်က ဇလပ်နီ။ လုံခြုံရေးလွတ်ကင်းနေတဲ့နေရာပေါ့နော်။ ကလေးတက္ကသိုလ်ထဲမှာက စစ်သားတွေရှိတယ်။ ဇလပ်နီကတော့ အစွန်လည်းဖြစ်မှာပေါ့နော်။ အဲဒီတော့ PDF ကဝင်ပြီးတော့ ဓားစားခံဖမ်းတာ”ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း လွိုင်ကော်တက္က သိုလ်မှ တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို KNPP နှင့် PDF များက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၃)ချီလုံး ထိုးကွက်အသာစီးရခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ကြောင့် နိုင်ပွဲဆက် မှတ်တမ်းကောင်းတစ်ရပ် ဆုံးရှုံးခဲ့ရသည့် ဘရော်နီကာ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved