ဒိုက်ဦးမြို့နယ်မှ (၃)နှစ်အရွယ်ကလေးငယ်ပျောက်ဆုံးနေမှု ယနေ့ထိရှာမတွေ့သေး
သန့်ဇင်(NSS) - ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာမှ (၃)နှစ်အရွယ်ကလေးငယ်ပျောက်ဆုံးနေမှု ယနေ့အချိန်ထိရှာမတွေ့သေးကြောင်း ပျောက်ဆုံးသူကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။
ကလေးငယ် ပျောက်ဆုံးမှုသည် ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၄ ရက်)၊ ညနေ ၅ နာရီ အချိန်ခန့်က ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စပျောက်တာက အမေက ကလေးကို ထမင်းကျွေးဖို့ အိမ်ပေါ်ကိုတက်သွားပြီး ထမင်းသွားခူးတဲ့အချိန်မှာ ပြန်လာတော့ ကလေးက မရှိတော့ဘူး ပျောက်သွားတာ။ ကလေးက (၃)နှစ်အရွယ်ပဲရှိပါသေးတယ်။ ယောက်ျားလေးပါ။ လက်ရှိတော့ ရဲစခန်းမှာလည်းတိုင်ချက် ဖွင့်ထားပါတယ်” ဟု ပျောက်ဆုံးသူ ကလေးငယ်၏ မိသားစုဝင်တစ်ဦးက NSS ကိုပြောသည်။
အဆိုပါပျောက်ဆုံးနေသည့်ကလေးငယ်မှာ အသက်(၃)နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ပြီး ဦးအေးဇော်မြင့် နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးနေသည့် ကလေးငယ်နှင့်ပတ်သက်၍ ၎င်း၏ဖခင်ဖြစ်သူ ဦးအေးဇော်က ၎င်း၏လူမှုကွန်ရက် Facebook စာမျက်နှာမှ တစ်ဆင့် “ဒီနေ့ညနေ ၃ နှစ်သား ကျွန်တော့်သားအငယ်ဆုံးလေး ငါးနာရီဝန်းကျင်ခန့်ကပျောက်ဆုံးသွားပါသဖြင့် ယခုချိန်ထိရှာဖွေ မတွေ့သေး၊ တွေ့ရှိပါက ကျေးဇူးပြု၍ ဆက်သွယ်ပေးပါဗျာ” ဟု ရေးသားထားသည်ကို တွေ့ရသည်။
ထို့ကြောင့် အဆိုပါပျောက်ဆုံးသူကလေးငယ်အား တွေ့ရှိပါက မိသားစုဝင်ဖုန်းနံပါတ်များဖြစ်သည့် 09973025423၊ 09978320051၊ 09967361357နှင့် 09409549437 တို့ကို ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး၏ နိုင်ပွဲက ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ရာဟုပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း