ရုရှားက ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ခန့်မှန်းပြောဆို
Pika (NSS) - ဖေဖော်ဝါရီ ၂၆
ရုရှားတပ်ဖွဲ့များသည် လာမည့် မေလနှောင်းပိုင်း (သို့မဟုတ်) နွေရာသီတွင် ယူကရိန်း၏ ကာကွယ်ရေးပိုင်းကို ထိုးစစ်ဆင်မှုအသစ် လုပ်ဆောင်သွားရန်အတွက် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ဖေဖော်ဝါရီလ(၂၅)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
သို့သော်လည်း ယူကရိန်းတွင် ရှင်းလင်းသော ကိုယ်ပိုင်စစ်မြေပြင်အစီအစဉ်တစ်ခုရှိကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။ ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်နိုင်ငံများကြား ဆက်လက်စည်းလုံး ညီညွတ်နေရန် အရေးကြီးကြောင်း နှင့် ရုရှား၏ တိုက်ခိုက်မှုအသစ်အပြီးတွင် ဖြစ်ပေါ်လာနိုင်သော ခက်ခဲသည့်လ (၂)လအတွက် ကြိုတင်ခန့်မှန်းမှုများ လုပ်ဆောင်ရန် အရေးကြီးကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
ဇီလန်စကီးက "ရုရှားတပ်ဖွဲ့တွေဟာ လာမယ့်နွေရာသီအစ ဒါမှမဟုတ် မေလနှောင်းပိုင်းမှာ ယူကရိန်းအပေါ် တန်ပြန်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ဖို့အတွက် ပြင်ဆင်သွားနိုင်ဖွယ်ရှိနေပါတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေ အတွက် ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၈)ရက်က စတင်ခဲ့တဲ့ ရုရှားရဲ့တိုက်ခိုက်မှုတွေက ဘာရလဒ်မှ ထွက်မလာခဲ့ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း ကိုယ်ပိုင်အစီအစဉ်ကို ပြင်ဆင်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ကတည်းက ယူကရိန်းတပ်ဖွဲ့ဝင် (၃၁ဝဝဝ)ဦး သေဆုံးခဲ့ကြောင်း ဇီလန်စကီးက ထပ်မံပြောခဲ့သည်။
ထို့အပြင် အမေရိကန်လွှတ်တော်သည် စစ်ရေးနှင့် ဘဏ္ဍာရေးအကူအညီအသစ်ကို အတည်ပြုပေးလိမ့်မည်ဟု ယုံကြည်ကြောင်း နှင့် ယူကရိန်းဖက်က အဆိုပါဆုံးဖြတ်ချက်ကို တစ်လအတွင်း လိုအပ်နေကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
ယူကရိန်းစစ်ပွဲသည် အနောက်အုပ်စုနိုင်ငံများ၏ ထောက်ပံ့ပေးမှုများအပေါ်မူတည်နေပြီး ဥရောပသမဂ္ဂသည် ၎င်းတို့ ကတိပြုထားသော ခဲယမ်းမီးကျည်(၁)သန်း၏ (၃၀)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးခဲ့ကြောင်း ဇီလန်စကီး က ထပ်မံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင် ကုန်သွယ်မှုများကြောင့် ငွေကြေးကမောက်ကမဖြစ်လာနိုင်ပြီး ငွေကြေးအရှုပ်အထွေးများ ပိုဖြစ်လာနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ