ရုရှားအတိုက်ခံခေါင်းဆောင်ရဲ့ရုပ်အလောင်းကိုမိခင်ဖြစ်သူထံ ပြန်လွှဲပြောင်းပေး
ဂျန်ဇက်(NSS) - ဖေဖော်ဝါရီ ၂၅
ရုရှားအကျဉ်းထောင်အာဏာပိုင်များဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားအကျဉ်းထောင်ထဲမှာသေဆုံးခဲ့တဲ့ ရုရှားအတိုက်ခံခေါင်းဆောင် နာဗယ်နီရဲ့ရုပ်အလောင်းကို မိခင်ဖြစ်သူထံပြန်ပေးခဲ့ကြောင်း နာဗယ်နီနဲ့ နီးစပ်သူများက ပြောပါတယ်။
နာဗယ်နီဟာပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားနိုင်ငံ Arctic အမည်ရှိအကျဉ်းထောင်ထဲမှာရုတ်ရက်လဲကျသေဆုံးခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက ရုရှားသမ္မတပူတင်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ နာဗာနီဟာ ရုရှားသမ္မတပူတင်ကို ဝေဖန်ပြစ်တင်မှုအများဆုံးပြုလုပ်ခဲ့တဲ့ အတိုက်ခံခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထောင်ဒဏ် ၁၉နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ရုရှားနိုင်ငံရဲ့အပြင်းထန်ဆုံးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း သိရပါတယ်။
နာဗယ်နီ ရဲ့ပြောရေးဆိုခွင့်ရှိသူ ကီရာ ယာရှာက " နာဗယ်နီ ရုပ်အလောင်းကို မိခင်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့တယ်။ နာဗယ်နီရဲ့ရုပ်အလောင်းကို ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။
ရုရှားအာဏာပိုင်တွေဟာ နာဗယ်နီရဲ့ရုပ်အလောင်းကို လျှို့ဝှက်သဂြိုလ်ဖို့ သဘောမတူညီဘူးဆိုရင် အဲဒီရုပ်အလောင်းကို အကျဉ်းထောင်အတွင်း မြေမြှုပ်သဂြိုလ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးကြောင်း နာဗယ်နီရဲ့အဖွဲ့တွေက ပြောပါတယ်။ နာဗယ်နီဟာ ရုရှားသမ္မတပူတင် နဲ့ ရုရှားအစိုးရအဖွဲ့တာဝန်ရှိသူများကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ပတ်သက်ပြီးဝေဖန်ပြစ်တင်ခဲ့သလို ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပန်းတောင်းမြို့၌ ဆန်အိတ်များသယ်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း