ပန်းတောင်းမြို့၌ ဆန်အိတ်များသယ်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဆန်အိတ်များသယ်ဆောင်လာသည့် ၂၂ ဘီးတွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)၊ ည (၉)နာရီခွဲအချိန်တွင် ပန်းတောင်းမြို့နယ်အပိုင်၊ မြေစူတောင်အတက်လမ်း၊ ပြည်-တောင်ကုတ်ကားလမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတ ပါရမီထံမှ သိရသည်။
“အခင်းဖြစ်တဲ့နေရာရောက်တော့ အတက်မှာ နောက်ပြန်ကျတာပါ။ ဘရိတ်မမိလို့ ပြောပါတယ်။ ယာဉ်မောင်းက ခေါင်းကွဲတယ်။ စပယ်ယာကောင်လေးက ခြေထောက်ညပ်သွားတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာမျိုးတော့မဟုတ်ဘူး။ ဆန်အိတ်တင်လာတယ်လို့ ပြောတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ပန်းတောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် (ဖေဖော် ဝါရီလ ၂၂ ရက်)တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကာရိုလိုင်းနားပြည်နယ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အဓိကပြိုင်ဘက်ဖြစ်သူ နီကီဟာလေးကိုအနိုင်ရ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း