တောင်ကာရိုလိုင်းနားပြည်နယ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အဓိကပြိုင်ဘက်ဖြစ်သူ နီကီဟာလေးကိုအနိုင်ရ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၅
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ တောင်ကာရိုလိုင်းနားပြည်နယ်အတွင်း ရီပတ်ဘလီကန်ပါတီကိုယ်စားပြုတဲ့ သမ္မတလောင်းအဖြစ်ရွေးချယ်ခံရဖို့ ယှဉ်ပြိုင်တဲ့ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ နီကီဟာလေးကို အနိုင်ရခဲ့ကြောင်းသိရပါတယ်။
သံအမတ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ နီကီဟာလေးဟာ သူမရဲ့ဇာတိဒေသဖြစ်တဲ့ တောင်ကာရိုလိုင်းနားပြည်နယ်အတွင်းပြုလုပ်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ အိုင်အိုဝါပြည်နယ်၊ နယူးဟမ်ရှိုင်းယားပြည်နယ်၊ ၊ နီဗာဒါပြည်နယ် နဲ့ US Virgin Islands တို့မှာကျင်းပခဲ့တဲ့ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုမယ့် သမ္မတလောင်းရွေးချယ်ပွဲတွေမှာ အနိုင်ရထားကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်းအဖြစ်ရွေးချယ်ခံရဖို့ အလားလာအများဆုံးဖြစ်နေကြောင်းသိရပါတယ်။ နီကီဟာလေးက သူမအနေနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်အတွင်းပြုလုပ်တဲ့ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် မတ်လ ၅ ရက်အထိ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်က "ရီပတ်ဘလီကန်ပါတီဝင်တွေဟာ အခုလိုမျိုးစုစည်းညွတ်တာမျိုး အရင်တုန်းကမတွေ့ခဲ့ရဘူး၊ ကျွန်တော့်အနေနဲ့ ၁၅ မိနစ်ကြာအောင်ပွဲခံပြီးနောက် လာမယ့်ပြည်နယ်တွေမှာအနိုင်ရဖို့ ကြိုးပမ်းသွားမယ်။" လို့ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့်နိုဝင်ဘာလအတွင်း ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး ဒီမိုကရက်တစ်ပါတီကိုယ်စားပြုမယ့် သမ္မတလောင်းဖြစ်လာဖွယ်ရှိနေတဲ့ ဂျိုးဘိုင်ဒန်နဲ့ အဓိကထားယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အလားအလာများနေပေမယ့် စွဲချက်အမျိုးမျိုးကိုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသေးသုံးနိုင်ငံခြားငွေများကို ရန်ကုန်လေဆိပ်ရှိ ဘဏ်ကောင်တာ(၃)ခုအပြင် ပြည်တွင်းဘဏ်များတွင်ပါ ရောင်းချပေးနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ