Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားထောက်လှမ်းရေးလေယာဉ်ကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ပြော

Pika (NSS) - ဖေဖော်ဝါရီ ၂၄ 

ရုရှားထောက်လှမ်းရေးလေယာဉ် A-50 ကို Azov ပင်လယ်ပြင်တွင် ပစ်ချခဲ့ကြောင်း ယူကရိန်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ(၂၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် A-50 ထောက်လှမ်းရေးလေယာဉ် ရုရှားနိုင်ငံတောင်ပိုင်းတွင် ပျက်ကျခဲ့သည်ကို ပြသသည့်မြေပုံတစ်ခုကို ယူကရိန်းတပ်ဖွဲ့များက အွန်လိုင်းပေါ်တွင် မျှဝေခဲ့ကြောင်းလည်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး ရုရှား ဖက်က တရားဝင် မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။ 

သို့သော်လည်း ရုရှားနိုင်ငံတောင်ပိုင်း Krasnodar ဒေသရှိ အာဏာပိုင်များက ထောက်လှမ်းရေးလေယာဉ် ပျက်ကျသည့်နေရာတွင် မီးသတ်သမားများရောက်ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ထပ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။


ယူကရိန်းစစ်ထောက်လှမ်းရေးက "ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ အဖိုးတန် A-50 ထောက်လှမ်းရေးလေယာဉ်ကို Azov ပင်လယ်ပြင်မှာ ပစ်ချခဲ့ပါတယ်။ A-50 ထောက်လှမ်းရေးလေယာဉ်ကို ပစ်ချနိုင်ခဲ့တာဟာ ရုရှားနိုင်ငံရဲ့ စွမ်းဆောင်ရည်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပါပဲ" ဟု ပြောခဲ့သည်။

A-50 လေယာဉ်သည် နေတိုးအဖွဲ့က အသုံးပြုသော AWACS လေယာဉ်နှင့်ညီမျှသည့် ရုရှားထောက်လှမ်းရေး လေယာဉ်ဖြစ်ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တွင် ညကောင်းကင်ယံမှာ အလင်းရောင်များစွာကို ပြသခဲ့ပြီး အခြားဗီဒီယိုဖိုင်တစ်ခုတွင် ကျေးလက်ဒေသတစ်ခုမှာ ကြီးမားသောမီးတောက် များကို တွေ့မြင်ခဲ့ရသည်။ 

ထို့အပြင် စတုရန်းမီတာ(၂၅ဝ)ခန့်ရှိသော မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့များက ငြိမ်းသတ်နိုင်ရန် ကြိုးပမ်းနေ ပြီး ဒေသခံနေအိမ်များ အန္တရာယ်မရှိကြောင်း  Krasnodar ဒေသ အာဏာပိုင်များက ပြောကြားခဲ့သည်။ 

အဆိုပါဖြစ်ရပ်တွင် လေယာဉ်နှစ်စင်းပါဝင်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း မည်သည့်လေယာဉ် အမျိုးအစားဖြစ်သည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ အာဏာပိုင်များ က "လက်ရှိမှာတော့ မီးငြိမ်းသတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ အထူးဝန်ဆောင်မှုအဖွဲ့တွေလည်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေပါပြီ" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယား BIGBANG အဖွဲ့ဝင် ဒယ်ဆောင်း "Falling Slowly" music album အတွက်ပြင်ဆင်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved