အတိုက်ခံခေါင်းဆောင်လုပ်ကြံခံရမှုအတွက် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၃
ရုရှားအတိုက်ခံခေါင်းဆောင် လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အသစ်များ ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောလိုက်သည်။
ရုရှားအတိုက်ခံခေါင်းဆောင်ဖြစ်သလို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ အဲလက်ဇီ နာဗယ်နီသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ရုရှားအကျဉ်းထောင်ထဲ၌ ရုတ်တရက်သေဆုံးခဲ့ပြီး အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းမျိုးဖြစ်နိုင်ကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေသည်။
ရုရှားအကျဉ်းထောင်အရာရှိများက အသက် ၄၇ နှစ်အရွယ်ရှိ နာဗယ်နီသည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ရုတ်တရက် နေမကောင်းဖြစ်ကာ လဲကျခဲ့ပြီး တစ်ရက်အတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းတွင် သေဆုံးခဲ့သော နာဗယ်နီ၏ ဇနီး၊ သမီးဖြစ်သူတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး နာဗယ်နီ၏ လုပ်ရပ်များကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
နာဗယ်နီသည် ရုရှားဒီမိုကရေစီ အရေးနှင့်လွတ်လပ်မှုများအတွက်တိုက်ပွဲဝင်ခဲ့သူဖြစ်သလိုအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးအတွက် တရားဝင်နည်းလမ်းဖြင့် ဦးဆောင်ခဲ့သူဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။
အမေရိကန်အစိုးရအဖွဲ့က "ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်သွားမယ်။ ရုရှားအတိုက်ခံခေါင်းဆောင်သေဆုံးမှုတွေအတွက် ရုရှားသမ္မတပူတင် တာဝန်ယူရမှာဖြစ်တယ်။ အဲဒီအတွက် ပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမယ်။ ရုရှားကာကွယ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံလုပ်ဆောင်သွားဖို့ အလားလာများတယ်" ဟုပြောသည်။
ရုရှားအစိုးရသည် အမေရိကန်နိုင်ငံမှ ထပ်မံချမှတ်မည်ဆိုသော ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက် ပြုပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အတိုက်ခံခေါင်းဆောင်များအပြင် အစိုးရကို ဝေဖန်ပြစ်တင်သူများကို ပစ်မှတ်ထားကာ အဆိပ်ဖြင့်လုပ်ကြံဝေဖန်နေသည့်နိုင်ငံမျိုးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံက လကမ္ဘာပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း