ရန်ကုန်မြို့တွင် ရထား(၂)စင်းတိုက်မိပြီးနောက် လူကူး ကုန်းကျော်တံတား ကျိုးကျပျက်စီးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထား(၂)စင်းတိုက်မိပြီးနောက် လူကူး ကုန်းကျော်တံတား ကျိုးကျ ပျက်စီးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)၊ နံနက် ၄ နာရီ ၃ဝ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင် ဘူတာကြား မိုင်တိုင်အမှတ်(၂/၃)၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်ရထားတွဲဆိုင်းအား ချိတ်ဆွဲလာသော အမှတ်(၈၁)အဆန်ရထား ဖြစ်သည့် စက်ခေါင်းအမှတ် DF 1200.05ရထားသည် ရန်ကုန်ဘူတာ ရထားရပ်ဝန်းအတွင်းမှ စင်္ကြန်သို့ တွဲထိုးရန်ထွက်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ရပ်တန့်ထားသော ကုန်တင်ရထား တစ်စင်းကို စတင်ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ဝင်တိုက်မိပြီးနောက် ရထားတွဲဆိုင်းသည် လွပ်လပ်ရေးရပ်ကွက်နှင့် ရေကျော်ရပ်ကွက်ကို ဆက်သွယ်ထား သည့် ရထားသံလမ်းကူး လူကူးကုန်းကျော်တံတားအား ထပ်မံ ဝင်ချိတ်ကာ ထိခိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကုန်းကျော်တံတားသည် ထက်ပိုင်းကျိုးသွားခဲ့ပြီး ရထားတွဲဆိုင်းများတွင်လည်း ထိခိုက်ပျက် စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့ ရထား မတော်တဆမှုဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အတိုက်ခံခေါင်းဆောင်လုပ်ကြံခံရမှုအတွက် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း