ပြည်မြို့ရှိ ဌာနဆိုင်ရာရုံးများအနီးတွင် မိနစ်ပိုင်းသာခြား၍ ပေါက်ကွဲမှု(၄)ကြိမ် ဆက်တိုက်ဖြစ်ပွား
Pearl (NSS) - ဖေဖော်ဝါရီ ၂၃
ပြည်မြို့ရှိ ဌာနဆိုင်ရာရုံးများအနီးတွင် မိနစ်ပိုင်းသာခြား၍ ပေါက်ကွဲမှု(၄)ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၃ ရက်)၊ နံနက် (၄)နာရီကျော်ခန့်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ရတနာမာန်အောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မနက် ၄ နာရီလောက်မှာ ဖြစ်တာ။ အသံဗုံးလို့ ပြောလို့ရတယ်။ (၁၀) မိနစ်တစ်ကြိမ်လောက်ကို (၄) ကြိမ်ဆက် တိုက်ပေါက်တယ်။ အဲဒီနားမှာ လ.ဝ.က ရုံးလည်း ရှိတယ်။ ဝန်ထမ်းအိမ်ယာလည်း ရှိတယ်" ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် နီးစပ် သူ တစ်ဦးက NP News ဂျာနယ်ကို ပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူ နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲရန် ကျန်ရှိနေသည့် ဗုံး(၁)လုံးကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်အနီးတွင် အမှတ် (၅) အထက်တန်းကျောင်း၊ ကနညရုံး နှင့် အစိုးရရုံးအချို့ရှိပြီး အဆိုပါရုံးများ အနီး လုံခြုံရေးယူထားသော တပ်ဖွဲ့ဝင်များ လုံခြုံရေး ရုတ်သိမ်းပြီး တစ်ပတ်ခန့် အကြာတွင် ယခုကဲ့သို့ပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
"မနက်ဖြန်(ဖေဖော်ဝါရီ ၂၄ ရက်)၊ တပို့တွဲလပြည့်နေ့မှာ ဥာဏ်ရိုးပူဇော်ပွဲကျင်းပမှာ။ ရွှေဆံတော်ဘုရားမှာ ကျင်းပ မှာ။ အဲဒါနဲ့လည်း အနီးစပ်ဆုံး တိုက်ဆိုင်စွာ ပေါက်ကွဲတာလည်းဖြစ်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် ရထား(၂)စင်းတိုက်မိပြီးနောက် လူကူး ကုန်းကျော်တံတား ကျိုးကျပျက်စီးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း