တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၇)ရက်မှစ၍ ထုတ်ယူနိုင်
ယွန်း (NSS) - ဖေဖော်ဝါရီ ၂၃
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၇)ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဖေဖော်ဝါရီ(၂၂)ရက် ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ(၂၇)ရက် အင်္ဂါနေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်သည်။
ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့်စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ထံမှ ထုတ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၅၂ဝဝ) ခန့် စာရင်းပေးသွင်းထားပြီး ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူဦးရေ (၁၆၁၈၅ဝ) ဦးရှိခဲ့ကာ အောင်မြင်သူဦးရေ (၁ဝ၉၈၅၁)ဦးထိ ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်းဈေး သတ်မှတ်မည်ဆိုသည့်သတင်းများကြောင့် ပို့ကုန်ပဲများ ဈေးကျဆင်းနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း