တရုတ်နိုင်ငံဟာ ကလေးယူခြင်းအတွက် ကမ္ဘာ့စျေးအကြီးဆုံးနိုင်ငံဖြစ်လာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၂
တရုတ်နိုင်ငံဟာ ကလေးတစ်ဦးချင်း ဂျီဒီပီနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာ့စျေးအကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ်တယ်လို့ အစီရင်ခံစာတစ်ခုက (ဖေဖော်ဝါရီလ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကလေးတစ်ဦးချင်း ဂျီဒီပီနဲ့နှိုင်းယှဉ်ရင် အသက် ၁၈ နှစ်အထိ ကလေးပြုစုပျိုးထောင်စရိတ်ဟာ တရုတ်နိုင်ငံမှာ ၆ ဒသမ ၃ ဆ ဝန်းကျင်ရှိပြီး သြစတြေးလျမှာ ၂ ဒသမ ၁ ဆ၊ ပြင်သစ်မှာ ၂ ဒသမ ၂ ဆ၊ အမေရိကန်မှာ ၄ ဒသမ ၁ ဆ နဲ့ ဂျပန်မှာ ၄ ဒသမ ၃ ဆရှိတယ်လို့ ပေကျင်းအခြေစိုက် YuWa လူဦးရေ သုတေသနဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကလေးတွေကို ပြုစုပျိုးထောင်ခြင်းဟာ အမျိုးသမီးတွေရဲ့အလုပ်ချိန်နဲ့ လုပ်ခနှုန်းထားတွေကို လျော့ပါးစေပါတယ်။ "တရုတ်နိုင်ငံရဲ့ လက်ရှိလူမှုရေးပတ်ဝန်းကျင်ဟာ အမျိုးသမီးတွေရဲ့မွေးဖွားနှုန်းနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ အတွက် အမျိုးသမီးတွေအတွက် ကလေးရဖို့ အချိန်နဲ့ အခွင့်အလမ်းစရိတ်က အရမ်းကြီးလွန်းနေပါတယ်" လို့ အွန်လိုင်းခရီးသွားဆိုက် Ctrip ကို တည်ထောင်သူ လီယန်ကျင်ကျန် က ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ကလးမွေးဖွားစရိတ်ကြီးမြင့်မှုကြောင့် တရုတ်လူမျိုးတွေရဲ့ ပျမ်းမျှမွေးဖွားလိုစိတ်ဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးနီးပါးဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့လူဦးရေဟာ ၂ဝ၂၃ ခုနှစ်၊ ဒုတိယနှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပါ တယ်။ အမျိုးသမီးတွေဟာ ကလေးထိန်းစရိတ်ကြီးမြင့်မှုကြောင့် ကလေးမယူဖို့ဘဲ ဆုံးဖြတ်ထားတာကြောင့် ဖြစ်ပါ တယ်။
အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် အသက် မွေးစအရွယ်မှ ၄ နှစ်ကြား ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အလုပ်ချိန် ၂,၁ဝ၆ ထိ လျော့ချရကာ အဆိုပါကာလအတွင်း ခန့်မှန်းခြေ လုပ်အားခ ယွမ် ၆၃,ဝဝဝ (အမေရိကန်ဒေါ်လာ ၈,၇ဝဝ) ဆုံးရှုံးရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ကလေးမွေးဖွားမှုနှုန်း ကမ္ဘာ့အနိမ့်ဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ထိုင်ဝမ်ကို အနိုင်ကျင့်နေကြောင်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း