တရုတ်နိုင်ငံက ထိုင်ဝမ်ကို အနိုင်ကျင့်နေကြောင်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၂၂
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို အနိုင်ကျင့်လျက်ရှိနေကြောင်း၊ အမေရိကန်လွှတ်တော်တာဝန်ရှိသူများက ဝေဖန် ပြစ်တင်လိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုက်ဂယ်လာဟာ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ငါးဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်၊ ဒုတိယသမ္မတ လီချန်တေးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက် အခုလိုမျိုးမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်မှာ ပြီးခဲ့တဲ့လက သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် အနိုင်ရခဲ့သူဟာ လာမယ့် မေလမှာ စတင်ပြီး သမ္မတအသစ်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ အမေရိကန်အောက်လွှတ်တော်ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂယ်လာဟာက "ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့အနိုင်ကျင့်မှုတွေကို ရင်ဆိုင်နေရတယ်။ ကမ္ဘာကြီးဟာ ထိုင်ဝမ်နဲ့အတူ ရပ်တည်မယ့်အခြေအနေတွေကို ပြသရမယ်" လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရဲက အဓိကအရေးပါတဲ့မဟာမိတ် နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်က အမေရိကန်လွှတ်တော်အမတ်တွေ လာရောက်ခြင်းကို ကြိုဆိုကြောင်း၊ အမေရိကန်လွှတ်တော် အမတ်တွေလာရောက်ခြင်းဟာ ထိုင်ဝမ်ဒီမိုကရေစီကို အားပေးထောက်ခံကြောင်း ဆိုပါတယ်။
ထိုင်ဝမ်သမ္မတ က "ကျွန်တော်တို့ဟာ နိုင်ငံတကာမိတ်ဖက်ဖြစ်ရေးတိုးချဲ့လုပ်ကိုင်သွားမယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ စေ့စပ်ဆွေးနွေးမှု ပိုမိုလုပ်ဆောင်မယ်။ ၂ဝ၂၄ ခုနှစ်မှာ ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေလာရောက်ခြင်းကို ဝေဖန်ပြစ်တင်ခဲ့ပြီး ထိုင်ဝမ်ကျွန်းဝန်းကျင်နားကို စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်များ ဖြတ်ကျော်ဝင်ရောက်မှုတွေ မကြာခဏလုပ်ဆောင်နေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်ပြီး အနာဂါတ်မှာ ပြန်လည်ပေါင်းစည်းမယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက်က ခွဲထွက်ဖို့ ကြိုးပမ်းနေ ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့ရှိ Sea View Condo အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း