ကမ္ဘာ့ခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြခြင်းမျိုးမရှိတော့ကြောင်း ဆာဘီယားသမ္မတ ဝေဖန်
Pika (NSS) - ဖေဖော်ဝါရီ ၂၂
နိုင်ငံတကာအသိုင်းအဝိုင်းသည် ပဋိပက္ခများကို အဆုံးသတ်ရန်စိတ်ဝင်စားခြင်းမျိုးမရှိတော့ဘဲ ငြိမ်းချမ်းရေးကို မလိုလားအပ်သည့်အရာတစ်ခုအဖြစ် ရှုမြင်နေကြောင်း ဆာဘီးယားသမ္မတ အဲလက်စန်းဒါးဗူးဆစ်စ်က ဖေဖော်ဝါရီ လ (၂၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ယူကရိန်းပဋိပက္ခအပါအဝင် နိုင်ငံတကာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ အကြီးတန်း အရာရှိများနှင့် နိုင်ငံခေါင်းဆောင်များက ဂျာမနီနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည့် မြူးနစ်လုံခြုံရေးညီလာခံအပြီးတွင် အဲလက်စန်းဒါးဗူးဆစ်စ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းရှိ ပဋိပက္ခများကို အနောက်အုပ်စုက မည်သို့မြင်သလဲဆိုသည့်အချက်နှင့် နိုင်ငံငယ်များထံမှ မတူညီသောအမြင်များကို နားထောင်ရန်အတွက် မြူးနစ်လုံခြုံရေးညီလာခံတွင် အကြိမ်ပေါင်းများစွာပါဝင်ခဲ့ ကြောင်း အဲလက်စန်းဒါးဗူးဆစ်စ်က မှတ်ချက်ပြုခဲ့သည်။
သို့သော်လည်း ယခုနှစ်တွင်ပြုလုပ်သော မြူးနစ်လုံခြုံရေးညီလာခံတွင် ပဋိပက္ခများအား ဖြေရှင်းမည့် ဆန်းသစ် သောအကြံပြုချက်များ မကြားခဲ့ရကြောင်း အဲလက်စန်းဒါးဗူးဆစ်စ်ကပြောခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးဆိုသော စကားလုံးသည် ကမ္ဘာတစ်ဝှမ်းတွင် မလိုလားအပ်သော အရာတစ်ခုအဖြစ် ဖြစ်လာနေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ ကမ္ဘာ့နိုင်ငံရေးတွင် အပြောင်းအလဲများရှိနေသော်လည်း လွတ်လပ်မှုနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် လွတ်လပ်စွာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို ကာကွယ်ရန် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ထို့အပြင် ဆာဘီးယားအစိုးရသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကို ငြင်းဆန်ပယ်ချသည့် ၎င်း၏မူဝါဒကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောခဲ့သည်။ ၎င်းက "ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာဟာ ရုရှားပြည်သူတွေအတွက် တရားမျှတမှု မရှိပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ကို သိမ်းယူနိုင်သည့်အပြင် ရာနှင့်ချီသော ယူကရိန်းစစ်သားအများအပြားကို ရုရှားတပ်ဖွဲ့များ ဖမ်းဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ