အုတ်တွင်းမြို့နယ်တွင် အသက်(၂၇)နှစ်အရွယ် အမျိုသမီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ကွမ်းသီးခြံ ကျေးရွာရှိ နေအိမ်တစ်လုံးတွင် အထက်ပါကဲ့သို့ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
“သူတို့သတင်းအရတော့ မိသားစုအကြွေးလေး (၁)သိန်းလောက် တင်တယ်လို့ ပြောတယ်။ အဲဒါကို ဆပ်ဖို့ လိုက်ရှာတယ်။ ရှာတာကို မရဘူး။ အခြားရန်ဖြစ်တာ ဘာတွေလည်းမရှိဘူးလို့လည်း သိရတယ်” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ အသက်(၂၇)နှစ်အရွယ်ရှိ မကေသီခိုင်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို လက်ရှိ တွင် အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့နယ်၊ ပါဒလိတ်တွင် တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ကြောင်း သတင်းထွက်ပေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း