ကျိုက်ထိုတွင် HYUNDAI MINI BUS ပေါ်မှ ငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် HYUNDAI MINI BUS ပေါ်မှ ငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန် တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်းမောင်းနှင်၍ နိုင်ဇော်နှင့် နန္ဒထွန်းတို့ လိုက်ပါလာသည့် HYUNDAI MINI BUS ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ် (၃)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၅)သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆက်လက်စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက် ၄ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ တတုတ် ဘုရားကြီးကျေးရွာရှိ နေအိမ်တွင် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းကို HYUNDAI GRACE ကားတစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးချက်များအရ ၎င်းသိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်လာပြီးနောက် ထိုမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဝန်ထမ်း(၁၅ဝ)ဦး ခေါ်ယူနေပြီး ဒေသခံတိုင်းရင်းသားများကို ဦးစားပေးခန့်အပ်သွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း