နစကဥက္ကဋ္ဌ နှင့် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးတို့ နေပြည်တော်၌ ဆွေးနွေး
စော (NSS) - ဖေဖော်ဝါရီ ၂၁
နစကဥက္ကဋ္ဌ နှင့် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးတို့ နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေး ဒုဝန်ကြီး H.E. Mr. Andrey Rudenko တို့သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၂ဝ ရက်) တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ တွေ့ဆုံဆွေနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိသည့်အခြေအနေများနှင့် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချ ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေး၊ ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့တွင်လည်း နေပြည်တော်၌ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး Mr. Andrey Rudenkoတို့သည် နှစ်နိုင်ငံဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို ကျင်းပခဲ့ ကြောင်း သိရသည်။
ကာကွယ်ရေးနှင့်လုံခြုံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍများတွင် ပြန်လည်ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုအကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပြည်တွင်းစစ်နှင့် အိန္ဒိယ၏ အကျိုးစီးပွားဆက်စပ်မှု (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ