တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၌ ကျောင်းသား/သူများ အန္တရာယ်ကင်းစွာ စားမေးပွဲဖြေဆိုနိုင်ရေးစာစစ်ဌာနများကို ပေါင်းစည်းသွားမည်
စော (NSS) ဖေဖော်ဝါရီလ ၂ဝ
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၌ ကျောင်းသား/သူများ အန္တရာယ်ကင်းစွာ စားမေးပွဲ ဖြေဆိုနိုင်ရေး စာစစ်ဌာနများကို ပေါင်းစည်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေအရ လာမည့်မတ်လတွင် စတင်ကျင်းပမည့် တက္က သိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအလိုက် ကျောင်းသားများ အဆင်ပြေစွာဖြေဆိုနိုင်ရေးအတွက် စာစစ် ဌာနပြောင်းရွှေ့ဖြေဆိုလိုသူများ၏ စာစစ်ဌာနပြောင်းလဲလျှောက်ထားခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ ခွင့်ပြုခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် လက်ရှိအချိန်အထိ စာစစ်ဌာနရွှေ့ပြောင်းမှုများရှိနေပြီး တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများလည်း လျှောက်ထားလျက်ရှိကြောင်း သိရသည်။
“ လိုအပ်တဲ့စာစစ်ဌာနတွေ ပေါင်းစည်း ရွေ့ ပြောင်းပြီးတော့ ကျောင်းသားတွေ ဖြေဆိုခွင့်ရ အောင် ဆောင်ရွက်နေပါတယ်။ ခုထိလည်း ရွှေ့ ပြောင်းနေတုန်းဆိုတော့ အရေအတွက်ကတော့ သေချာမသိရဘူး။ အခုအချိန်အထိကို ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စာစစ်ဌာန ရွှေ့ပြောင်းတာတွေကို အဆင်ပြေအောင်လုပ်ပေးနေတယ်။ စာစစ်ဌာနရွှေ့ပြောင်းတာတင်မဟုတ်ဘူး လျှောက်လွှာမတင်ရ သေးတာကိုလည်း အခုချိန်ထိပေးတင်နေတုန်းပါပဲ” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ စာစစ်ဌာနပြောင်းရွှေ့လျှောက်ထားမှု များကို စာမေးပွဲဖြေဆိုရမည့် ခုံနံပါတ်မရသေးသည့် အချိန်အထိ ပြောင်းလဲလျှောက်ထားခွင့်ရှိပြီး မြန်မာနိုင်ငံ စာစစ်ဌာနက ရခိုင်ပြည်နယ်တွင် စာစစ်ဌာန (၇၃)ခု သတ်မှတ်ပေး ထားကြောင်း သိရသည်။လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA ပူးပေါင်းအဖွဲ့များ ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေလျက်ရှိသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ(၁၁)ရက်မှ (၁၉)ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စနစ်ဟောင်း နဝမတန်း(Grade-၁၀)အောင် မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့ သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-၁၁) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်၊ နေပြည်တော်၊မန္တလေးရှိ တိရစ္ဆာန်ဥယျာဉ် သုံးခု နှင့် နေပြည်တော် နက္ခတ်တာရာပြခန်းတို့အတွက် လုပ်ပိုင်ခွင့် တင်ဒါခေါ်ယူ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း